27.

999 72 0
                                    

Unicode

ပန်းချီထပ်ခိုးခန်းရဲ့ ​မီးခိုးရောင်လိုက်ကာတွေကို ရှောင်းကျန့်က အညိုရောင်တွေ ပြောင်းထားခဲ့ပြီးပြီ..
မှန်နံရံက အညိုရောင်လိုက်ကာတွေကို ဖွင့်ထားတာကြောင့် အထဲမှာလင်းရှင်းနေတယ် ။ ပတ်ပတ်လည်ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေကို ဝမ်ရိပေါ်က
အ​သေအချာမြင်နေရတယ် ။ စိတ္တဇဆန်ဆန် ပန်းချီကားတွေကတော့ အခုထိရှိနေတုန်းပဲ ဖြစ်တယ် ။ တစ်ခါတည်းသာ ရောက်ဖူးခဲ့တဲ့ ပန်းချီခန်းလေးက ပြောင်းလဲသွားတာဆိုလို့ ရှောင်းကျန့်နဲ့တူတဲ့ အညိုရောင်လိုက်ကာတွေသာ ။ တစ်ဆက်တည်းမှာပဲ ဝမ်ရိပေါ်က နံရံထောင့်က အဝတ်စအဖြူနဲ့အုပ်ပြီးထောင်ထားတဲ့ ပန်းချီကားချပ်ကို စိတ်ဝင်တစားကြည့်နေမိတယ် ။ ဘာဖြစ်လို့များ ဒီတစ်ခုတည်းကိုပဲ အဝတ်ဖြူနဲ့အုပ်ထားရသလဲလို့ တွေးရင်း..

' ကျန့်ကော.. '

' ဟင် '

' မေးကြည့်လို့မလား '

ထိုအခါ ရှောင်းကျန့်က မေးလေ ဆိုတဲ့သဘောနဲ့ မေးငေါ့ပြတယ် ။ သို့သော်လည်း ဝမ်ရိပေါ်က သိပ်မရဲဘူး ။ ရှောင်းကျန့်က အဲ့ဒီပန်းချီကားကို မသိစေချင်လို့ မမြင်စေချင်လို့ ဆိုတာမျိုးဖြစ်နေမှာစိုးတာကြောင့် ။

' ဘာမေးမှာလဲ ရိပေါ် '

' ဟို.. အဲ့အုပ်ထားတဲ့ဟာက.... ဟို.. '

ရှောင်းကျန့်က သဘောပေါက်ပြီး သူရပ်​နေတဲ့ဘေးနားမှာ ရှိနေတဲ့ ပန်းချီကားကို စောင်းကြည့်နေခဲ့တယ် ။ ရှောင်းကျန့်ရဲ့စိတ်ထဲဘာတွေတွေးနေသလဲ ဆိုတာကို ဝမ်ရိပေါ်က မခန့်မှန်းနိုင်ဘူး ။ ခနလောက်ကြာအပြီးမှာတော့ ရှောင်းကျန့်က အုပ်ထားတဲ့အဝတ်စကို ဖြည်းဖြည်းချင်း ဖယ်လိုက်တဲ့အခါ
ထိုပန်းချီကားက...

' ဒါက ကောမာမီရဲ့ မျက်လုံးတွေလေ...
မင်းနဲ့ဆင်တူတဲ့ မျက်လုံးတွေ.. ရိပေါ် '

သည်ပန်းချီကားက မနှစ်ကနွေဦးမှာလည်း ဒီအတိုင်းလေးပဲ လက်စမသတ်ထားတဲ့ ညိုးနွမ်းနွမ်းမျက်ဝန်းတွေ..

' ကျွန်​တော်နဲ့ ဆင်တူတယ် ဟုတ်လား '

' အင်း မာမီ ရဲ့မျက်ဝန်းတွေက မင်းရဲ့မျက်ဝန်းတွေနဲ့ဆင်တူတယ်...
ဒါပေမယ့်လည်း မတူပြန်ဘူး.. '

Memorable Spring ( Completed) Where stories live. Discover now