💔 မောင့် အသည်းခြွေတဲ့ ပန်း 💔
အခန်း (11)🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
" ဟေ့ယျောင့် မိုင်း မနေ့ကတော့ မတ်မတ်ဆီက ပါးရိုက်ခံရလို့ လူမှန်းမသိအောင် သော က်တယ်။ဒီနေ့ အမူးသောက်နေတာကရော
မတ်မတ်က သူ့ကို နမ်းလို့ ထပ်ရိုက်လွှတ်လို
က်ပြန်ပလား။ "" မတ်မတ် ရိုက်လို့သောက်နေတော မဟုတ်
ဘူး။စဥ်းစား ဆုံးဖြတ်စရာရှိလို့ သောက်နေတာ။ "" စဥ်းစားဆုံးဖြတ်စရာရှိလို့... ဘာ ခေါင်းရှုပ်
စရာရှိလို့လဲ။မဟူရာ မင်း မတ်မတ်ကို လိုက်ရှုပ်နေလို့လား..။ "" သူရှုပ်တာလောက်ကတော့ ငါ့အတွက် ဖြေ
ရှင်းဖို့ အေးဆေးပဲ။ "" ဒါဆို.. ဘာလဲ။ "
" ဒယ်ဒီ က ငါ့ကို အပေးအယူတစ်ခုလုပ်လာ
တယ်။အဲ့ကိစ္စကို လက်ခံရမလား။လက်မခံရ
ဘူးလားဆိုတာ စဥ်းစားနေတာကွ။ "" အတွင်းရေးကိုး... မိသားစုအတွင်းရေးဆို
တော့ မင်း အေးဆေးစဥ်းစားပေါ့။ငါကတော့
ငါ့ ဘေဘီလေး နဲ့ တစ်ပုဒ်လောက်သွားက
လိုက်အုံးမယ်။ "" အိုကေ... ချွမ်း။ " လက်ထဲက တစ်ယောက်
တစ်ခွက်စီ ကိုင်ထားတဲ့အရက်ခွက်တွေကို သူငယ်ချင်းနှစ်ယောက် ထိတိုက်ကာ မော့
သောက်လိုက်ကြသည်။ပိုင်ဆက်က သူ့ကောင်မလေး ခေတ် ကနေတဲ့နေရာကိုသွားကာ တခြားသူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ကခုန်နေ၏။မိုင်းကတော့ လက်ထဲကခွက်က တစ်ဝက်ကျော်ကျော်ကျ န်နေသေးတဲ့ ရှန်ပိန်ကို ဇိမ်ခံသောက်ရင်း အ
ပေးအယူကိစ္စကို ဆက်စဥ်းစားရင်း စားပွဲဝိုင်းမှာ ထိုင်နေခဲ့သည်။" တူတူ... တူတူ.. "
" ဟယ်လို.."
တစ်ယောက်တည်း မိုင်း အရက်သောက်ချိန်
သူ့ ဘောင်းဘီအိတ်ကပ်ထဲက မတ်မတ် ရဲ့ ဖုန်းမြည်းလာတာမို့ ထုတ်ယူပြီး ကိုင်လိုက်
သည်။ဖုန်းကိုင်ကာ ပြောနေတဲ့ မိုင်း နူတ်ခမ်း
ထက်မှာ မဲ့ပြုံးတို့က ခိုတွဲနေသည်။ဘာကြေ
ာင့်လဲဆိုတော့... ဖုန်း Contactမှာ ကိုထွဋ်
ဆိုတဲ့ အမည်ပေါ်နေတာကြောင့်မို့လို့ပါ။
YOU ARE READING
မောင့်အသည်းခြွေတဲ့ ပန်း Completed
Romanceမ နဲ့ မောင်ကိုမှ ခပ်ကြမ်းကြမ်းနဲ့ ရိုရိုလေး