မောင့်အသည်းခြွေတဲ့ ပန်း Part (21)

4K 93 0
                                    

        💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (21)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" မတ်မတ် ညဥ့်နက်သန်းခေါင်းကြီး ဘာလို့
ခြံထဲဆင်းလာတာလဲ။ဖုန်းပြောနေတာလား။ "

ပန်းမှာ နောက်ကနေပြောလာတဲ့ မောင့်စကားကြောင့် အသည်းထိတ်၍ လိပ်ပြာလွင့်မတက်လန့်သွားရ၏။အကြောင်းက ဦးဒေဝနဲ့ပြောနေတာကို မောင်သိသွားမှာဆိုးတာကြောင့်ပါ။ပန်း ကြောက်​နေပေမဲ့လည်း မော င် သိလို့မဖြစ်တာကြောင့်၊လက်ထဲကမချရသေးတဲ့ ဖုန်းကိုကျစ်နေအောင်ဆုပ်ကိုင်ကာ..
ချိုသောအပြုံးလေးတစ်ပွင့်နဲ့ မောင့်ဘက်ကို
လှည့်လိုက်ပြီး....

" မ အိပ်မရလို့ လေညှင်းခံချင်လို့ခြံထဲ ခဏ
ဆင်းလာတာပါ။မကိုမတွေ့လို့ မောင် ခြံထဲ
ဆင်းလာတာလား။ "

" အင်း.. ဟုတ်တယ်။ဒါနဲ့ မတ်မတ် စောနက
ဖုန်းပြောနေတာလားလို့... "

မောင့်အမေးကို ဖြေဖို့ ပန်းမှာ ချောက်ကပ်နေတဲ့ လည်ချောင်းဆီကို၊တံတွေးတစ်ချက်
မြိုချလိုက်ရသည်။ မလုံမလဲဖြစ်နေတဲ့စိတ်ကို တည်ငြိမ်စေဖို့ရန် ပင့်သက်လေးကိုခိုးရှို က်ရပြန်သည်။ထို့နောက် မောင့်မျက်ဝန်းတွေကို မဝံ့မရဲဖြင့်ကြည့်လိုက်ပြီး...

" မ ဖုန်း မပြော မပြောပါဘူး မောင်။ " ပြော
ရင်း လက်ကလည်း ဖုန်းပါဝါခလုတ်ကို ပိတ်
ချပစ်လိုက်သည်။

" ဖုန်းမပြောဘူးလား။မောင် က မတ်မတ်
တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေတယ်လို့
ထင်တာ။စကားပြောသံလို အော်သံလိုမျိုး
မတ်မတ်ဆီ က ကြားလို့လေ။ "

" မ ဖုန်းပြောနေတာ မဟုတ်ပါဘူး။စကား
ပြောတာကလေ မ ကောင်းကင်ပေါ်ကိုမော့ ကြည့်တော့ လမင်းကြီးသာနေတာက လှလို့လေ။လမင်းကြီး က အရမ်းလှတာပဲလို့
တစ်ယောက်တည်းပြောနေတာပါ မောင်။ "

မတည်မငြိမ်ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ သူ့ကို
ဖြေလာတဲ့ မတ်မတ်ရဲ့စကားတွေက... အမှန် မဟုတ်ဘူးဆိုတာ မိုင်း သိပါသည်။အိပ်နေရင်းတရေးနိုးလာတော့ ဘေးမှာ မတ်မတ်ကို မတွေ့လို့ အိပ်ချင်စိတ်နဲ့လိုက်ရှာတဲ့ မိုင်း..၊ခြံထဲမှာ မတ်မတ်ကိုတွေ့လိုက်လို့ အိမ်ပေါ်ကနေခြံထဲဆင်းလာတော့... မတ်မတ်တစ်ယော က်ယောက်ကို အော်ပြောလိုက်တယ်ဆိုတာကို ကြားမိပါသည်။လူက အိပ်မူးတူးဖြစ်နေသလို မတ်မတ်ရဲ့အနီးကိုလည်း မရောက်သေးတာကြောင့်၊ဘာပြောလိုက်တယ်ဆိုတာကို သေချာမကြားသိလိုက်ပေမဲ့.. မတ်မတ် တစ်ယောက်ယောက်နဲ့ ဖုန်းပြောတာကတော့ သေချာပါသည်။

မောင့်အသည်းခြွေတဲ့ ပန်း CompletedWhere stories live. Discover now