မောင့်အသည်းခြွေတဲ့ ပန်း Part (6)

9.6K 213 0
                                    

      💔 မောင့် အသည်းကိုခြွေတဲ့ ပန်း 💔

                        အခန်း (6)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" ဒယ်ဒီ ချေးတဲ့ငွေကို ပန်း ချေးသလိုမျိုးနဲ့
စာချုပ်မှာ လက်မှတ်ထိုးရမယ်။ "

" အင်း... ဟုတ်တယ်။ "

ဒယ်ဒီက လုပ်ငန်းထဲထည့်ဖို့ ငွေချေးတာကိုး ငွေချေးစာချုပ်မှာ လက်မှတ်ထိုးဖို့ရာ..ပန်း
ကို သွားထိုးခိုင်းတာမို့... စာချုပ်ကို ကြည့်ရင်း နားမလည်လို့ ပန်း ဒယ်ဒီ့ ကို မေးရပြန်သည်။

" ဒယ်ဒီ့ လုပ်ငန်းထဲကိုထည့်ဖို့ ချေးတဲ့ ငွေကို ပန်း က ဘာလို့ လက်မှတ်ထိုးပေးရတာလဲ ဟင်။စာချုပ်မှာ ငွေချေးတဲ့ သူကသာ ထိုးရမှာ မဟုတ်ဘူးလား။ပြီးတော့... အန်ကယ်မိုး
မြတ်ဆီကလည်း သိန်းသုံးထောင်ထပ် ချေး
ထားသေးတယ်မလား။အဲ့တာတောင်မှ တ ခြား သူဆီက သိန်းလေးထောင် ထပ်ချေးရသေးတာလား။ကုမ္ပဏီ ရဲ့ ဘယ်နေရာတွေမှာ အသုံးတွေလိုနေလို့၊ သိန်းခုနှစ်ထောင်တောင်မှ ချေးရတာလဲ ဒယ်ဒီ။ "

" ပန်းတော်ဦး နင်က ခိုင်းတာကို မလုပ်ဘဲနဲ့
ငါ့ကို ပြန်မေးခွန်းထုတ်နေတာလား။ "

" မေးခွန်းထုတ်တာ မဟုတ်ရပါဘူး ဒယ်ဒီ။ပန်း တကယ် နားမလည်လို့ မေးတာပါ။ "

" အေး... နားမလည်ရင် သေချာမှတ်ထား။
ကုမ္ပဏီလုပ်ငန်း တချို့ကို အသစ်တိုးချဲ့ဖို့
စလုပ်နေတယ်။ငွေက အဲ့နေရာမှာ ထည့်ဖို့
ချေးနေတာ။နင့်ကိုလည်း မိုးမြတ်ဆီမှာ အ
လုပ်လုပ်ခိုင်းတာကလဲ၊နောက်ပိုင်းကျရင် ငါ အသစ်တိုးချဲ့မယ့်ကုမ္ပဏီမှာ လုပ်ငန်းပိုင်းအတွေ့ကြုံရှိရှိနဲ့ စီမံအုပ်ချုပ်နိုင်တဲ့ ဒါရိုက် တာတစ်ယောက်အနေနဲ့ အုပ်ချုပ်ခိုင်းမှာမလို့... မြတ်ကုမ္ပဏီမှာသွားလုပ်​ခိုင်းနေတာ။

ပြီး​တော့.. မိုးမြတ်ရဲ့လက်ထောက်ဆိုတာမျိုးထက်၊ မိုးမြတ် က နင့်ကို ယုံကြည်ပြီး ကုမ္ပဏီတစ်ခုလုံးကို လက်လွဲပေးထားတဲ့အထိ ယုံကြည်မှုမျိုးရအောင်လုပ်ရမယ်။အဲ့လို အခွင့်အရေးကို အမြန်ရအောင်လို့လဲ ဒယ်ဒီ က သမီးကို မိုးမြတ်ရဲ့ချွေးမနေရာကို ဖန်တီးပေးထားတာပဲ။မိုးမြတ်အတွက် မိုင်း က အားကိုးရတဲ့ သားမျိုးမဟုတ်ဘူး။သမီးကသာ သူ့ သားနေရာမှာ အစားထိုးခံရမယ် သူပဲ။ဒယ်ဒီ ဖန်တီးပေးထားတဲ့ လမ်းကပန်းခင်းလမ်းပဲ။တစ်ခုပဲ သမီးဘက်ကမိုးမြတ် ရဲ့ ယုံကြည်မှုရအောင် ကြိုးစားဖို့ပဲလိုတယ်။

မောင့်အသည်းခြွေတဲ့ ပန်း CompletedOù les histoires vivent. Découvrez maintenant