💔 မောင့် အသည်းခြွေတဲ့ ပန်း 💔
အခန်း (19)
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
" မောင်ရယ် မ အပျော်သွားတာမှ မဟုတ်တာ။ကုမ္ပဏီမှာအလုပ်ရှိလို့သွားတာလေ။အဲ့ဒါကြောင့် မောင်က နားလည်ပေးရမယ်လေကွာ "
" မောင် နားလည်ပေးရမှာ မဟုတ်ဘူး။မတ်
မတ် အလိုက်သိရမှာ။ယောကျ်ားက ဆေးရုံ
တက်နေတာကို အနားမှာမနေပေးဘဲ။အလုပ် သွားတာ က မတ်မတ် နည်းနည်းတော့လွန်ပြီ။မနေ့က ဆေးရုံကမဆင်းနဲ့ဆိုလို့လည်း မောင်မဆင်းပဲနေပေးတယ်။အခုမနက် ဆေး
ရုံက ဆင်းမယ်ဆိုတော့... အလုပ်သွားအုံးမယ်။ပြန်လာမှ ဆေးရုံကဆင်းရမယ်ဆိုတဲ့
မတ်မတ် စကားက မောင် ဘယ်လောက်ခံရ
ခက်လည်းသိလား။မောင် မတ်မတ်ပြောသ မျှဆို အကုန်လိုက်လျောပေးတယ်။မောင့်ကိုဆို မတ်မတ် က သိပ်အနိုင်ယူလွန်းတယ်။ "ပန်း ကို စိတ်ဆိုးပြီး ကျောခိုင်းကာတစ်ဖက်
သို့စောင်းလှည့်သွားတဲ့... မောင့်စကားတွေကြောင့် စိတ်ထဲမကောင်းဖြစ်သွားရသည်။တကယ်ဆို ပန်းလည်း အလုပ်မသွားချင်ပါဘူး။မောင့်အနားမှာပဲ နေပေးချင်တာပါ။မောင့်အနားမှာပဲ နေချင်သော်လည်း ဦးဒေဝ တောင်းထားတဲ့ ပိုက်ဆံကိုပေးဖို့အတွက် ပန်း အပြင်သွားမှဖြစ်မည်။အာ့ကြောင့် ပန်း မောင့်ကို နားလည်အောင် ချော့မော့ပြောရအုံးမည်။
တစ်ဖက်သို့စောင်းလှည့်သွားတဲ့ မောင့်ရှေ့အနားကိုသွားလိုက်ပြီး... မောင့်ဘေးနားမှာ
တင်ပါးလွဲဝင်ထိုင်ကာ...." မ ကုမ္ပဏီမှာ ညနေအထိအကြာကြီးမနေ
တော့ဘူး။အရေးတကြီးလုပ်ရမဲ့၊အလုပ်လေ ာက်ပဲ လုပ်ပြီး ပြန်လာခဲ့ပါမယ်။မောင့်အနာ
းမှာ ပိုးဖြူလေး နဲ့ ဆရာမလည်းရှိနေမယ်။
မ ခဏသွားမယ်နော် မောင် "မိုင်း သူ့လက်တစ်ဖက်ကို လက်ကလေးနှစ်
ဖက်ဖြင့်ဆုပ်ကိုင်ပြီး... မျက်နှာငယ်လေးနဲ့ ပြောလာတဲ့... မတ်မတ်အကြည့်တွေကို လွဲဖယ်လိုက်ပစ်ပြီး...." သွားချင်သွား မသွားချင်နေ။ဘာမှလာမ
ပြောနဲ့ ဘာမှလည်းမကြားချင်တော့ဘူး "