မောင့်အသည်းခြွေတဲ့ ပန်း part (16)

5.8K 143 1
                                    

      💔 မောင့် အသည်းခြွေတဲ့ ပန်း 💔

                        အခန်း (16)

🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒

" နောက်နေ့မှ လာလို့မရဘူးလာကွာ။ငါ ဒီနေ့
အိမ်စောစောပြန်မလို့ကွ။ "

" ဟာ... နောက်နေ့မှ လာလို့မရဘူးလေကွာ။
လကုန်စာရင်းချုပ်ရမယ့်နေ့လေ။ငါတစ်ယေ
ာက်တည်းမရဘူး။ မင်း ခဏတော့လာခဲ့မှဖြစ်မယ် မိုင်း။ "

" ဟုတ်ပြီလေ.. ဒါဆို နောက်နာရီဝက်လော က်နေရင် ငါ လာခဲ့မယ်။ဒါမဲ့ အချိန်အကြာကြီးတော့ ငါ မနေနိုင်ဘူး ပိုင်ဆက်။ "

" အေးပါကွာ။မင်း ငါ့ဆီမှာ အကြာကြီးမနေရပါဘူး။နေမယ်ဆိုလည်း ငါက ခေါ်မထားပါ
ဘူး။မင်းရဲ့ အသစ်စက်စက် ချစ်မတ်မတ်နဲ့
အတူကုန်ဆုံးမယ့်... အချိန်တွေကို ငါက ဖဲ့မယူရက်လို့ ဟုတ်ပြီလား။ "

" အဲ့လိုအလိုက်သိတဲ့ သူငယ်ချင်းမို့ မင်းကို
ငါက တခြားသူတွေထက် ပိုချစ်တာကွ။ "

" အောင်မလေး... ဟေ့ကောင် ငါ့ကို ပိုမချစ်
နဲ့ မင်း ချစ်တာကို ငါမလိုချင်ဘူး။အချစ်လည်းမခံချင်ဘူး။ "

" ဟာ... ဘာလို့လဲကွ။ငါက ကိုယ့်သူငယ်ချင်
းကို ချစ်လို့ချစ်တယ်ပြောတာလေ။မင်း က
ဘာလို့ အချစ်မခံချင်ရတာလဲ။ "

" ယောကျာ်းအချင်းချင်းဖြစ်တဲ့ မင်းဆီက ချစ်တယ်ဆိုတဲ့ စကား ငါ ကြားရတာ အ သည်းယားပြီး ကြက်သီးတွေထလို့ပါကွာ။ "

" ဟားဟား... မင်းကတော့ကွာ ဖြစ်ရမယ်။ "

" ဟာ.. မိုင်း မရယ်နဲ့ ငါက အကောင်းပြောနေ
တာ "

" အေးပါ မရယ်တော့ပါဘူး။ဒါဆို ငါ အလုပ်
လေးရှိသေးလို့  ဖုန်းချတော့မယ်။ပြီးမှတွေ့ကျတာပေါ့။ "

" အိုကေ... "

မိုင်း အစကတော့ အိမ်စောစောပြန်ဖို့လုပ်ထားသော်လည်း... အခုတော့ စပ်တူလုပ်ထားတဲ့ ကားလုပ်ငန်းက လချုပ်စာရင်းရှင်းရမဲ့နေ့ဖြစ်နေတာကြောင့်... ပိုင်ဆက်ဆီသွားပြီးမှပဲ အိမ်ကိုပြန်လို့ရတော့မည်။

....@'@

" တကယ်လား သမီး။တကယ်ဆိုရင်တော့
မာမီလေ သားမိုင်းနဲ့ခမည်းခမတ်တွေကို မျက်နှာပူပြီး အားနာမိလို့ ဘယ်မျ​က်နှာနဲ့တွေ့ရပါ့မလဲတောင် မသိတော့ဘူးကွယ်။ "

မောင့်အသည်းခြွေတဲ့ ပန်း CompletedOù les histoires vivent. Découvrez maintenant