💔 မောင့် အသည်းခြွေတဲ့ ပန်း 💔
အခန်း (24)
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
" ပန်းကိုယ့်ဘာသာ ထည့်စားပါမယ်။ "
ပန်း ထမင်းပန်းကန်ထဲကို ဟန်မင်း ဟင်းတွေခက်ထည့်ပေးနေတာကို မကြိုက်တာကြောင့်
မထည့်ပေးဖို့ ပြောလိုက်သည်။ထိုအခါ... ဟန်မင်း က သူ့လက်ထဲက ဇွန်းခရင်းကိုချပြီး..." ကိုယ်ဘာလုပ်လုပ် မင်းမှာ ငြင်းဆိုခွင့်မရှိဘူးဆိုတာတော့ သိတယ်မလား။ "
ပန်း ကိုယ်ဆိုတဲ့အသုံးအနူန်းကိုပြောင်းသုံး
ပြီး... လေသံမာမာနဲ့ပြောလာတဲ့ ဟန်မင်း မျက်လုံးတွေကို တည့်တည့်ကြည့်လိုက်ပြီး..." ရှင် ဘာလုပ်လုပ် ငြင်းဆိုခွင့်မရှိဘူးဆိုရ
အောင်၊ပန်း က ရှင့်ဆီမှာ ပန်းဘဝတစ်ခုလုံး
ကို အပိုင်ပေးပါတယ်ဆိုပြီး ရောင်းစားထား
တာ မဟုတ်ဘူး။ပန်း မာမီအတွက် မလွှဲသာ
လို့ ပထွေးဖြစ်သူရဲ့ ယုတ်ညံ့တဲ့လုပ်ရပ်ကို
လက်ခံလိုက်ရတာပဲရှိတယ်။ရှင့်ကို သဘော
ကျလို့ တွဲနေတာမျိုး မဟုတ်ဘူး။ပြီးတော့ နှစ်လအတွင်းမှာ ရှင် ကျွန်မအပေါ်မှာ ဆက်
ဆံတဲ့အခါ ချစ်သူတွေအဆင့်ထက်ပိုမလာပါ
စေနဲ့။ချစ်သူအဆင့်ထက်ပိုလာခဲ့ရင် အဲ့အချိ
န်ကျရင် ပန်း ရှင့်ကို လက်လွတ်စပယ်ပြန်တုန့်မိလိမ့်မယ်ဆိုတာ သိထားပေးပါ။ "" အဟင်း... "
ဟန်မင်း မျက်နှာထားတင်းတင်း စကားသံမာမာဖြင့် သူ့အား ပြောလာတဲ့... ပန်းတော်ဦးဆိုတဲ့ အ လှပဂေးမလေးရဲ့ သတိပေးခြိမ်း ခြောက်တဲ့ စကားတွေကြောင့်... အသံထွက်
၍ပင် ရယ်မိလိုက်သည်။ထို့နောက် နူတ်ခမ်း
တစ်ဖက်ကိုတွန့်ကွေးပြီး ပြုံးထားတဲ့အပြုံးနဲ့သူ့အသည်းကို လှုပ်မရအောင် တုတ်နှောင်ထားတဲ့.. ခပ်ချေချေ သူမမျက်နှာလေးကို စို
က်ကြည့်လိုက်ပြီး..." ခြိမ်းခြောက်တဲ့ မင်းရဲ့စကားကို သိပ်ကြော
က်လွန်းလို့ ကိုယ့်ဘက်က ဆင်ခြင်ရမှာပေါ့။
အဟင်း.. "လှောင်သလို ပြောင်သလိုအပြုံးနဲ့ လူကို အ နေရခက်ရလောက်တဲ့အထိ... ယဥ်ကျေးမှုမရှိစွာ စိုက်ကြည့်ပြီးပြောလာတဲ့ ဟန်မင်းရဲ့..
စကားတွေကို ပန်း မနှစ်မြို့လို့နေသည်။စက
ားကိုတင်မှ မဟုတ် စားနေတဲ့.. အစားအေ
သာက်တွေကို ပန်း မနှစ်မမြို့နဲ့ရွံရှာနေမိပါ သည်။ဖြစ်နိုင်ရင် မစားဘဲနဲ့ကို နေချင်တာပါ။ဘယ်လိုမှ မစားဘဲနေလို့မရတာမို့..ကြိတ် မှိတ်မြိုချနေရသည်က အဆိပ်ကိုစားနေရသလိုပါပဲ။ပန်း ဒီလိုခံစားနေရတာက မောင့်အ
ပေါ်မှာ မလုပ်သင့်တာကို လုပ်နေမိတာကြော
င့် လောလောလတ်လတ် အပြစ်ဒဏ်ခံစားနေရတာလို့ပင် ပန်း မှတ်ယူထားလိုက်ပါေ
တာ့သည်။
VOCÊ ESTÁ LENDO
မောင့်အသည်းခြွေတဲ့ ပန်း Completed
Romanceမ နဲ့ မောင်ကိုမှ ခပ်ကြမ်းကြမ်းနဲ့ ရိုရိုလေး