💔 မောင့် အသည်းခြွေတဲ့ ပန်း 💔
အခန်း (28)
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
" ဒယ်ဒီ ကျွန်တော့် ကို ခေါ်တယ်ဆိုလို့ လာ
တာပါ "" ရော့... အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ
ဘုန်းနေမိုင်း "မိုင်း အခန်းထဲကိုရောက်တယ်ဆိုတာနဲ့ ဒယ်ဒီ
က သူ့ရှေ့ကို ဆယ်ပုံထက်မနည်းတဲ့ ဓာတ်ပုံ
တွေကို ပစ်ချပြီး... ဒေါသတကြီးနဲ့ မေးလာ ၏။မိုင်းလည်း သူ့ခြေထောက်ရှေ့ကိုကျလာတဲ့
ဓာတ်ပုံတွေကို တဆစ်ဆစ်နာကျင်နေတဲ့ နှလုံးသားနဲ့ တစ်ပုံချင်းစီကောက်ယူလိုက်တ
ယ်။ဓာတ်ပုံတွေကောက်နေတဲ့အချိန်မှာ ဒယ်ဒီ့ဆီ ဒီဓာတ်ပုံတွေ ဘယ်လိုများရောက်လာရတာလဲဆိုတာ စဥ်းစားလိုက်မိတယ်။ထိုသို့စဥ်းစားနေစဥ်မှာပဲ သူ့မျက်ဝန်းတို့၌အရည်ကြည်များက ရစ်ဝဲလာပြန်တယ်။ဓာတ်ပုံအားလုံးကို ကောက်ယူအပြီးမှာတော့.. ခါးကြီးထောက်၍ ဒေါသတကြီးဖြစ်နေတဲ့ ဒယ်ဒီရှေ့မှာ ခြေစုံရပ်လိုက်ပြီး..." ဒီဓာတ်ပုံတွေ ဒယ်ဒီဆီကို ဘယ်လိုရောက်
လာရတာလဲ။ကျွန်တော် သိလို့ရမလား "တချို့ယောကျ်ားတွေဆို ကိုယ့်မိန်းမက တ ခြားယောကျ်ားနဲ့ ဖောက်ပြန်နေတဲ့ ဓာတ်ပုံတွေကိုမြင်တာနဲ့ သွေးပျက်သွားကြပြီး... ချ
က်ချင်းဆိုသလိုပဲ ဒေါသဆိုတာလည်း ပွတ်
ပွတ်ဆူဆူလာတက်ကြတယ်။ဒါမဲ့ သားဖြစ်
သူက ဒေါသမပြောနဲ့ စကားပြောတာတောင်
မှ ပုံမှန်လိုအေးဆေးပြောနေတာမို့.. ဦးမိုးမြတ် သားကို အတော်လေးအံ့ဩသွားရ၏။ထို့နောက်...
" ဓာတ်ပုံတွေ ဘယ်လိုရောက်လာတာလဲ က အရေးမကြီးဘူး။မင်း မိန်းမဖောက်ပြန်နေတဲ့ ပုံတွေကို မြင်တာတောင်မှ... မင်းက ဘာမှမဖြစ်တာက အရေးကြီးသလိုပဲ။မင်း ဘာလို့တည်ငြိမ်နေရတာလဲ သား။ဒီလိုအရာမျိုးဆိုတာက သစ္စာဖောက်ခံရတဲ့ လူတိုင်းမြင်တာနဲ့ ပေါက်ကွဲတက်ကျတဲ့အရာမျိုးပဲ။ဒါမဲ့ သားက တခြားလူတွေနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသတယ်။သား မခံစားရဘူးလား.. "
မိုင်း 'သားမခံစားရတာလား..' ဆိုတဲ့ ဒယ်ဒီစ
ကားကြောင့် နူတ်ခမ်းထက်မဲ့ပြုံးတို့က ခိုတွဲ
သွားလေ၏။ထို့နောက်မှာတော့...
KAMU SEDANG MEMBACA
မောင့်အသည်းခြွေတဲ့ ပန်း Completed
Romansaမ နဲ့ မောင်ကိုမှ ခပ်ကြမ်းကြမ်းနဲ့ ရိုရိုလေး