💔 မောင့် အသည်းကိုခြွေတဲ့ ပန်း 💔
အခန်း (2)🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
" ဟင့်... ဟင့် "
" သမီးရယ် တိတ်ပါကွယ်။ တော်ကြာ အငိုမ
တိတ်မလို့ ဧည့်သည်တွေရှေ့မှာ သမီး ဒယ်ဒီ က ဆူပူပြီး ထသောင်းကျန်းရင်၊မာမီ ထိန်းမ
ရတွေ ဖြစ်ကုန်လိမ့်မယ်ကွယ်။ဟိုဘက်က မိ
ဘအသိုင်းအဝန်းက လူကြီးလူကောင်းတွေပါ။ချမ်းသာကြွယ်မှုကလည်း မာမီတို့ထက်
တောင်မှ သာသေးတယ်။ပြီးတော့ သားလေး
က တစ်ယောက်တည်းဆိုတော့..သမီးကိုချစ်
ကျမှာကွယ့်။ကောင်းလေးက နည်းနည်းလေ
း ပွေတာ၊ဆိုးတာလေးပဲ အပြစ်ပြောစရာရှိတာ။သမီးသာ အဲ့ကောင်လေး ရဲ့ အကျင့်တွေကိုပြင်ပေးနိုင်ရင်၊ ကောင်လေးက လူ ကောင်းလေးဖြစ်လာမှာပါ။မာမီ့ ကို ချစ်ရင် ငိုတာရပ်ပါကွယ်။သမီး နဲ့ ဒယ်ဒီ ကြားမှာ မာမီ တကယ် ရင်မောနေရပါပြီ "အခန်းထဲကနေ ဒယ်ဒီ ထွက်သွားတော့....
ဘေးမှာ အသံတိတ်၍ တစ်ချိန်လုံးရှိနေတဲ့
မာမီ က ပန်း ကို အငိုတိတ်စေပြီး၊နားချ စကားတွေ ဆိုလာသည်။" ဟင့်... မာမီ က ရင်ပဲ မောရတာပါ။ ပန်း က မှ တစ်ခါမှတောင် လူချင်းလည်းမတွေ့ဖူး၊အကျင့်စရိုက်ချင်းလည်းမတူတဲ့၊ လူကို ယူပြီး တစ်ဘဝလုံး ရင်မောရမှာပါ။အမြဲလိုလို ပန်းဒယ်ဒီ့ ရဲ့ လိုအင်ကို ဖြည့်ပေးခဲ့တယ်။ဒယ်ဒီ
ဖြစ်စေချင်တာကို၊မဖြစ်ဖြစ်အောင် လုပ်ပေး
ခဲ့တယ်။တစ်ခါ အခုတစ်ခါလေးပဲ ပန်း ရဲ့ ဆန္ဒအတိုင်း ဖြစ်ခွင့်မရဘူးလား မာမီရယ်။
ဒယ်ဒီ့ ကို ပြောပေးပါနော်။ပန်း စကားထက်
ဒယ်ဒီ က မာမီ့ စကားကို ပိုနားထောင်တယ်
လေ။ပြောပေးပါနော် "" ခဏနေပဲ စေ့စပ်ပွဲ က စတော့မှာကိုး၊ မာမီ
က ဘယ်လိုစကားနဲ့ သမီး ဒယ်ဒီကို ပြောရ
မှာလဲ "" ဘယ်လို စကားတွေ နဲ့ မှ ပြောစရာမလိုဘူး
။အခု စေ့စပ်ပွဲက မိဘတစ်ယောက်အနေနဲ့
ကိုယ့်သမီးကို ရွှေဘုံ၊ရွှေနန်းစံစေချင်လို့ လုပ်
ပေးတဲ့ ပွဲပဲ။အဲ့ဒါကြောင့် ငြင်းဆန်ဖို့ စကား
ကို ထပ်ပြောဖို့ စိတ်မကူးနဲ့၊ဘယ်တော့မှ ဖြစ် လာမှာ မဟုတ်ဘူး။ငါ့ သမီးအဖြစ်နေရင် ငါ လုပ်ပေးထားတဲ့၊လမ်းကို တည့်တည့်လျော က်။ဘယ်ကိုမှ ကွေ့ပတ်သွားဖို့ စိတ်မကူးနဲ့။ အချစ်ခံသမီးကနေ၊အပြစ်ပယ်ခံသမီးမဖြစ်ချင်စမ်းနဲ့ ပန်းတော်ဦး "
KAMU SEDANG MEMBACA
မောင့်အသည်းခြွေတဲ့ ပန်း Completed
Romansaမ နဲ့ မောင်ကိုမှ ခပ်ကြမ်းကြမ်းနဲ့ ရိုရိုလေး