💔 မောင့် အသည်းခြွေတဲ့ ပန်း 💔
အခန်း (20)
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
" မာမီ ဘာတွေလုပ်နေတာလဲ။ကျွန်တော်တို့ ရောက်နေတာကြာပြီ ဘာလို့ထွက်မလာတာလဲ။အိမ်ရှေ့မလာဘူးလား။မတ်မတ်နဲ့ကျွန်တော့် ကို စကားမပြောချင်လို့လား။"
ဒေါ်မီမီ ချွေးမလေးက ပထမဆုံးအကြိမ် အိမ်လာတာမို့... ကိုယ်တိုင် မီးခန်းဝင်ပြီး အစားအ သောက်တွေ ချက်ပြုတ်ပြင်ဆင်နေချိန်...ကျောနောက်ကနေ ခါးကိုဖက်ပြီး... ပခုံးထက်၌ မေးတင်ကာ ပြောလာတဲ့... သားကြောင့် အသုပ်နှယ်နေတဲ့ လက်ရေအမြန်
ဆေးကာ..." ဘာပြောနေတာလဲ သား။မာမီ ချွေးမလေး
နဲ့ သားကို တွေ့ချင်လို့ကို တမင်အိမ်မှာ ညစာစားဖို့ခေါ်တာလေ။ပြီးတော့... သားတို့ရော က်နေတာကို ထွက်မလာတာက မာမီ ချက်လက်စဟင်း၊သုပ်လက်စဖြစ်နေတဲ့ အသုပ်က၊ မပြီးသေးလို့ ထွက်မလာတာ။အခုမှ အသုပ်က သုပ်ပြီးလို့ ထမင်းစားဖို့လာခေါ်တော့လို့ပဲ။ပြောစမ်းပါ မာမီ က ချွေးမလေး နဲ့ သားကို စကားမပြောချင်ဘူးလို့ ဘာလို့ထင်ရတာလဲ။ "မိုင်း သူ့စကားကို ဘဝင်မကျဖြစ်နေတဲ့ မာမီ
ကို ပွေ့ဖက်ပြီး...." စိတ်မဆိုးပါနဲ့ပါ မာမီ။ကျွန်တော် က ဘာ
ရယ် မဟုတ်ပြောလိုက်တာပါ။ဘာတွေချက်
ထားလဲ။ကျွန်တော် မာ့မီ ဟင်းလက်ရာတွကို လွမ်းနေတာ။ ဒီညအများကြီးစားမှာနော်။ဟင်းတွေအများကြီး ချက်ထားတယ်မလား။ "ဒေါ်မီမီ သူ့ကိုပွေ့ဖက်ပြီး ပြောလာတဲ့ သား
နဲ့ ကိုယ်ချင်းခွာလိုက်ပြီး..." သားကို မာမီ စိတ်မဆိုးပါဘူး။နောက်ကိုတော့ အခုလိုထပ်မပြောမိစေနဲ့။မာမီ စိတ်မ
ကောင်းဖြစ်ရတယ်။ "" ဟုတ်ကဲ့ မာမီ။ "
" ဟင်းတွေကအများကြီးချက်ထားတယ်။သားအကြိုက်ဆုံးဝက်သားအိုးကပ်ချက်နဲ့ ချဥ်ပေါင်းငါးခေါင်းဟင်းရည်လည်းချက်ထားတယ်။ငါးကြော်နှပ်ရောပဲ။ "
" မာမီ ပြောပြနေတာနဲ့တင် ကျွန်တော် ဗိုက်
ဆာလာပြီ၊ဟင်းနံ့တွေကလည်း မွှေးနေတာ
ပဲ။ "