💔 မောင့် အသည်းခြွေတဲ့ ပန်း 💔
အခန်း (31) ဇာတ်သိမ်းပိုင်း
🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒🍒
" ဘော့စ်.. ကျွန်တော် အရေးတကြီးပြောစရာရှိလို့ ခွင့်မတောင်းပဲ ဝင်လာမိတာကို
တောင်းပန်ပါတယ် "ဟန်မင်း ဝီစကီအပြင်းစားကို ရေခဲတုံးခပ်
များများနဲ့စိမ်ပြီး... တစ်ငုံချင်းစီ ဇိမ်ခံကာ
သောက်နေချိန်... သူ့အခန်းထဲကို ဝင်လာတဲ့
တပည့်ဖြစ်သူ အောင်ကိုမင်းအား တစ်ချက်
မော့ကြည့်လိုက်ပြီး..." အရေးတကြီး ပြောစရာရှိလို့... မဟုတ်မှ
ငါ့ဆီကို ပန်းတော်ဦး က အပြေးရောက်လာလို့လား.. "" မပန်းတော်ဦး ရောက်လာတာ မဟုတ်ပါဘူး
။ကျွန်တော်တို့ မြန်မာပြည်ထဲကနေ အမြန်ပြေးမှ ဖြစ်တော့မယ်ဆိုတာ ဘော့စ်ကိုလာ
ပြောတာပါ "ဟန်မင်း တပည့်ဖြစ်သူဆီက ပြေးရမယ်ဆိုတဲ့စကားကြောင့် လက်ထဲက အရက်ခွက်ပင်လွတ်ကျတော့မလိုဖြစ်သွားရပြီး...
" ဘာပြောတယ်ကွ။ငါက ပြေးရမယ်။ဘာလို့
လဲ၊ဘာကြောင့်လဲ... "" ကျွန်တော်တို့ လောင်းကစားရုံကို ဖမ်းဆီး
မိန့် ဝရမ်းအထုတ်ခံလိုက်ရပါတယ်။ပိုင်ရှင်
ဖြစ်တဲ့ ဘော့စ်ကိုပါ လောင်းကစားရုံနဲ့အတူ
ဖမ်းဆီမိန့်ကျလာပါတယ် "" ဘာကွ ဖမ်းဆီးဝရမ်းအထုတ်ခံရတယ်။ဒါ
ဆို ငါနဲ့လောင်းကစားရုံအဖမ်းမခံရဖို့... တစ်လတစ်လ ငွေသိန်းရာချီပြီး လာဘ်ထိုးငွေပေးထားရတဲ့ ဟိုရဲကောင်တွေ ဘာလုပ်နေလဲ။ဘယ်ရောက်သွားကုန်လို့ ငါက ဖမ်းဝရ မ်းအထုတ်ခံရတာလဲကွ "" ဘော့စ် လာဘ်ထိုးထားတဲ့ ရဲတွေက လဘ်
စားလွန်းလို့ အဖမ်းခံရတဲ့သူနဲ့ နေရာပြောင်း
ရွှေ့ရတဲ့သူတွေနဲ့ ဒီမြို့မှာတစ်ယောက်မှမရှိ
ကျတော့ပါဘူး။အခု ဘော့စ်ကို ဖမ်းဖို့လာနေ
တဲ့ ရဲမှူး က မနေ့ကမှရာထူးတိုးနဲ့ ပြောင်းရွှေ့
လာတဲ့သူပါတဲ့။ကျွန်တော်တို့နဲ့ မိတ်ဆွေမဖြ
စ်သေးတဲ့ သူပါ။အဲ့ဒါကြောင့် အခုညတွင်း
ချင်းပဲ ကျွန်တော်တို့ မြန်မာပြည်ကနေထွက်
ပြေးနိုင်မှဖြစ်လိမ့်မယ်။မဟုတ်ရင် ကျွန်တေ
ာ်တို့ ထောင်နန်းစံရလိမ့်မယ် ဘော့စ် "