#Unicode
ဦးကိုမပိုင်ဆိုင်သင့်မှန်းသိသည့်အလျောက်သူသည်ဦးအားရှောင်ဖယ်ရန်ကြိုးစားခဲ့သည်။သို့သော်လည်း ဦးရဲ့အပြုအမူတစ်ခုချင်းစီတိုင်း စကားတစ်ခွန်းချင်းစီတိုင်းက သူ့အားရင်ခုန်စိတ်လှုပ်ရှားစေသည်။
သို့သော်လည်း သူနှင့်ဦးမဖြစ်နိုင်သောအနေအထားတစ်ခုတွင် ရပ်နေရသောလူနှစ်ယောက်။ ဦးသည်သူ၏သခင်။ ထို့အပြင်သူ၏ကျေးဇူးရှင်။ သူသည် အကြွေးကြောင့်ဦးဆီရောက်လာသော သက်မဲ့ရုပ်တစ်ခု။အနေအထားတွေသည် မိုးနဲ့မြေမက ကွာလွန်းလှသည်။
"ဟဲ့ကောင်!!လာအုံး"
ရင်ခုန်နေသောစိတ်၊ရှုပ်ထွေးနေသောစိတ်၊ဝမ်းနည်းနေသောစိတ်တို့နှင့်အိမ်ထဲဝင်လာသော်လည်း အသံတစ်ခုသည်သူ၏အတွေးတို့ကိုပျောက်ချင်းမလှပပျောက်စေသည်။ဘယ်သူဘယ်ဝါခေါ်မှန်းသိရှိလိုတာကြောင့် ငုံ့ထားသောခေါင်းကိုမော့ကြည့်လိုက်တော့ မီးဖိုချောင်ခန်းတွင်ရပ်နေသော အိမ်ဖော်တစ်ယောက်။
ဂျောင်ဂုသည်သူ့ကိုယ်သူလက်ညှိုးပြန်ထိုးလိုက်ရင်း
"ကျွန်တော့်ကိုခေါ်တာလားဗျ"
"နင့်ကိုမခေါ်လို့ဘယ်ကောင့်ကိုခေါ်ရမှာလဲ မြန်မြန်လာလေ!"
အခုမှဒီအိမ်ကိုစရောက်တာဖြစ်တာကြောင့် ပြဿနာမဖြစ်ချင်ပါ။ထို့အပြင် ဒီစံအိမ်ကြီးတွင် mr.park ကအာဏာအရှိဆုံးဆိုတာသိပေမယ့် mr.park ပြီးရင်ဘယ်သူကအာဏာရှိလဲသူမသိသေး။ထို့ကြောင့် ဂျောင်ဂုသည်သူ့အားခေါ်နေသော အစေခံမိန်းကလေးနားကိုသွားလိုက်ကာ
"ဘာခိုင်းစရာရှိလို့လဲဗျ"
"သွား ရေနွေးသွားတည်ပြီးရင်ဒီကော်ဖီဖျော်ခဲ့"
သူ့လက်ထဲအားကော်ဖီမစ်တစ်ခုထည့်ပေးကာ ထိုမိန်းကလေးသည်သူ့အနားကခြေဆောင့်ကာထွက်သွားလေသည်။
သူလည်းထိုမိန်းကလေးပေးခဲ့သောကော်ဖီမစ်ထုပ်လေးကိုင်ကာမီးဖိုချောင်ခန်းထဲသို့ဝင်လာခဲ့သည်။မီးဖိုချောင်သည် အတော်ကျယ်ကာ စားသောက်ဆိုင်၏စားဖိုချောင်တစ်ခုလိုပင်ဖြစ်သည်။ မီးဖိုချောင်ထဲတွင်မည်သူမျှရှိမနေတာကြောင့် သူ့ဟာသူပင် ရေနွေးအိုးအားလိုက်ရှာကာ တည်ရတော့သည်။
![](https://img.wattpad.com/cover/290928637-288-k359727.jpg)