#Unicode
ပွဲခင်းတစ်ခုလုံးအပျော်တွေနဲ့ပြည့်နေသော်လည်း ဟန်ဆောင်ခြင်းတွေနဲ့ပြည့်နေတဲ့ လူတစ်ယောက်လည်းရှိနေခဲ့တယ်။ ပြုံးရယ်နေသော နှုတ်ခမ်းတွေ၊ တီးခတ်နေသော လက်တစ်စုံကထွက်ပေါ်လာတဲ့ လက်ခုပ်သံစဉ်တွေ။ အင်း ဒါတွေကို ကြည့်ရင်တော့ သူဟာ စိတ်လိုလက်ရ ပျော်ရွှင်စွာဂုဏ်ပြုပေးနေတဲ့ လူတစ်ယောက်ပေါ့။
မျက်လုံးထဲတွင်တည်ရှိနေသော မျက်ရည်စလေးတွေကိုပါမြင်တော့ သူဟာ ပျော်ရွှင်လွန်းလို့ မျက်ရည်ပါဝဲနေသည်ဟု လူတွေကထင်ကြေးပေးကြပြန်တယ်။ အင်း...ဒီလူတွေက သူ့မျက်ဝန်းတွေကိုမှ မဖတ်တတ်ပဲလေ။
အရင်ကသူ့ကိုသေချာဂရုစိုက်ပေးပြီး သူ့မျက်ဝန်းတွေကို ကြည့်ရုံနဲ့သိခဲ့ပါသော တစ်စုံတစ်ယောက်တောင် အခုသူ့မျက်လုံးတွေကိုမဖတ်တတ်တော့ဘူးပဲ။
အရေးကြီးဆုံးလို့သတ်မှတ်ထားတဲ့ လူတစ်ယောက်ကတောင် ကိုယ့်ကိုနားလည်မပေးနိုင်တော့တဲ့အခါ တခြားသူတွေ နားလည်မပေးမှာကိုဘာကြောင့်များ တွေးကြောက်နေရမှာလဲ။
ပတ်ဝန်းကျင်။အင်း...သူတို့ကြောင့်ပေါ့။
သူတို့ကြောင့်နဲ့ တစ်စုံတစ်ယောက်ကို ဖွင့်မပြောပဲနေခဲ့ရတာ။သူတို့ကြောင့် တစ်စုံတစ်ယောက်နဲ့ဝေးကွာခဲ့ရတာ။ အရာအားလုံး ပတ်ဝန်းကျင်ဆိုတဲ့ သူတို့ကြောင့်ပဲ။စင်ပေါ်က သတို့သားလေးအားငေးကြည့်နေရင်း ပါးပေါ်က ပူပူနွေးနွေးအရာတစ်ခုကိုခံစားလိုက်ရသည်။ သူငိုနေမိပြန်ပြီပဲ။
ပါးပေါ်က တစ်ကြောင်းတည်းသော မျက်ရည်လေးကို လက်နဲ့ပွတ်ဆွဲကာ သုတ်ပစ်လိုက်သည်။
ထို့နောက် စင်ပေါ်ကသတို့သားလေးနှစ်ယောက်အား ကျောခိုင်းပစ်ကာ ပွဲခင်းထဲကထွက်လာခဲ့လိုက်တော့သည်။ထွက်သွားသူသည် သူ့အားငေးကြည့်နေသော လူတစ်ယောက်ကိုလဲသတိမထားမိခဲ့ပေ။ထိုလူ၏နှုတ်ဖျားမှ တိုးညှင်းစွာထွက်ပေါ်လာသော အသံလေးကိုဆို ပိုလို့ပင်ဝေးလို့ပေါ့....
![](https://img.wattpad.com/cover/290928637-288-k359727.jpg)