#unicode
final part...
"ဒိုင်း" "ဦး!"
သူ့အချစ်ကလေးသည် သူ့ရှေ့သို့အလျင်အမြန်ရောက်လာကာ သေနတ်၏ကျည်အား အစားဝင်ခံပြီးနေပြီ။"ကလေး! ကလေး! ကိုယ့်ကိုကြည့် မျက်လုံးမပိတ်လိုက်နဲ့!"
"ဦးကို ကျွန်တော်ချစ်တယ်နော်"
"ကလေး!"
မှိတ်ကျသွားသောမျက်ခွံတွေနှင့် သူ(ဂျီမင်း)၏ပါးအားထိနေသောလက်ကလေးတွေ ပြုတ်ကျသွားပုံသည် မုန်းတီးချင်စရာ။
ဂျီမင်းသည် ဘေးပတ်ဝန်းကျင်အား ဘာတစ်ခုမှဂရုမစိုက်နိုင်တော့ပဲ သူ့လက်ထဲရှိငြိမ်သက်နေသော ကလေး၏ခန္ဓာကိုယ်လေးအားချီမကာ အပြင်သို့အပြေးထွက်လာခဲ့သည်။
ဂိုထောင်ထဲရှိ ဟိုမိန်းမကိုမတွေးချင်တော့။
ဂိုထောင်တစ်ခုလုံးကို သူ့လူတွေဝိုင်းထားတာမို့ အခုချိန်သူ့လူတွေကို အဲ့မိန်းမကို မြေအောက်ခန်းထဲထားဖို့ခေါ်သွားလောက်ပြီ။အခုချိန်မှာအရေးကြီးဆုံးက ကလေးငယ်မို့ သူ့ရင်ခွင်ထဲရှိကလေးလေးအားဖက်ကာ ဒါရိုက်ဘာအား ကားမြန်မြန်သာမောင်းပေးဖို့ သူတောင်းဆိုနေမိသည်။"ချစ်လို့မဝသေးတာမို့ ကျေးဇူးပြုပြီး..ကျေးဇူးပြုပြီး ပြန်လာပေးပါ အူတူလေးရယ်"
။။။
ဆေးရုံရှေ့ ကားရပ်လိုက်တာနဲ့ mr.park သည် အူတူလေးအားချီကာ ပြေးဆင်းသွားပြန်သည်။
ဆေးရုံတွင် Mr.park ၏ရှယ်ယာသည် အများဆုံးမို့ mr.park ရောက်လာတာမြင်သည်နှင့် ပါရဂူကြီးတွေပါအပြေးရောက်ချလာခဲ့သည်။mr.park သည် မည်သူတစ်ဦးတစ်ယောက်ကိုမှဂရုမပြုပဲ သူ၏အသဲအသက်လေးအား ကုတင်ပေါ်တင်ကာ ကယ်ပေးဖို့သာတောင်းဆိုနေခဲ့သည်။
"တောင်းပန်ပါတယ် သူ့ကိုရအောင်ကယ်ပေးပါ ကယ်ပေးကြပါဗျာ"
တလောကလုံး ဖိတ်ဖိတ်တုန်အောင် ကြောက်ရတဲ့ mr.park ကငိုကြွေးပြီးဒူးထောက်တောင်းဆိုရလောက်တဲ့အထိမို့ တစ်ဆေးရုံလုံးသည် ပို၍ပင်ပြာနေကြတော့သည်။
![](https://img.wattpad.com/cover/290928637-288-k359727.jpg)