#unicode
"ကောင်လေး"
ဆန်းဟို၏မျက်ခုံးတွေသည် အလယ်သို့စုကျုံ့ကုန်သည်။ဒီလူဘယ်လောက်ပြောပြောမမှတ်။ဘယ်လောက်ငြင်းငြင်းမမှတ်။ဘယ်လိုလူလဲမသိ။စိတ်ရှုပ်စရာ...
မင်ဂျွန်သည် ဆန်းဟို၏ရှေ့၌ဝင်ထိုင်ကာ ဆန်းဟိုအား ခပ်ပြုံးပြုံးလေးစိုက်ကြည့်သည်။အင်း...မချစ်တဲ့လူတစ်ယောက်ကိုလိုက်တွယ်ကပ်ရတာလဲ ကြာလာတော့ အရေခွံတောင်ထူလာသလို ။
"ကော်ဖီဆိုင်တွေဘာတွေထိုင်လို့ပါလားကောင်လေးရဲ့"
"ခင်ဗျားနဲ့မတွေ့ချင်လို့လေ"
ဒဲ့တိုးပြောတတ်တဲ့ကောင်ငယ်လေးမို့ စိတ်မနာရက်ပါဘူး ။ကောင်လေးပြောတာလဲဟုတ်နေတာပဲ ကိုယ်ကသူသွားတတ်တဲ့နေရာတွေအမြဲလိုက်နေတော့ ကောင်ငယ်လေးစိတ်ရှုပ်နေမှာပေါ့ ။
သူကောင်လေးကိုပြုံးပြကာ ခေါင်းညိတ်ပြလိုက်မိသည်။"ကောင်လေး ဂျီမင်းကိုတကယ်ပဲချစ်တာလား"
"ဟုတ်တယ်"
မဆိုင်းမတွပြန်ဖြေတဲ့အသံနောက် သူထပ်ပြုံးမိလိုက်ပြန်သည်။ကောင်လေးပျော်နေရင်ရပြီမို့ ကိုယ့်အချစ်တွေကိုမမြင်ချင်ယောင်ဆောင်မယ်ဆိုလဲ ဆောင်ပါစေတော့လေ။
"ကိုယ် မင်းကိုဒါလေးလာပေးတာ"
ပန်းစည်းလေးကိုကမ်းပေးလာသည့်လူကို ဆန်းဟိုသေချာကြည့်နေမိသည်။ဒီလူဘာတွေအထူးအဆန်းလုပ်ပြန်ပြီလဲမသိ။
ပန်းစည်းကိုမယူမချင်း ကမ်းပေးနေတာကြောင့်ယူလိုက်ရသည်။ဘာအတွက်ပေးတာလဲဆိုသည့်သဘောဖြင့်မော့ကြည့်လိုက်တော့ သူကခပ်ပြုံးပြုံးစိုက်ကြည့်နေတာမို့သူ(ဆန်းဟို)မနေတတ်စွာမျက်နှာလွှဲလိုက်မိသည်။
"ဒီပန်းတွေရဲ့နာမည်ကိုသိလား"
သူခေါင်းပဲခါလိုက်ပြမိသည်။ ပန်းဆို နှင်းဆီပန်းနဲ့နေကြာပန်းသာသိတဲ့သူမို့ အခုသူ့လက်ထဲဘာပန်းရှိနေလဲဆိုတာ သူသေချာမသိနေ။
