Part 18

978 89 4
                                    

#Unicode

"တချို့အရာတွေက ဆုပ်ကိုင်ထားရင်ပိုနာကျင်ရတယ်ဆိုတာ မင်းသိတယ်မလား"

ဆူဆူညံညံတီးလုံးသံတွေကြား ထိုစကားသံသည် တိုးရှိုးပျောက်ကွယ်သွားသည်။
စကားဝိုင်းတစ်ခုမှာ နားထောင်သူနှင့် ပြောသူဆိုပြီး ရှိရမှာမှန်ပေမယ့်လည်း ယခုလက်ရှိအခြေအနေမှာတော့ ပြောသူသာရှိသည်။ဒါဆို နားထောင်သူမရှိဘူးလား။မဟုတ်။ရှိသည်။သို့သော် ထိုနားထောင်သူသည် သူ့ဈာန်နှင့်သူမို့ဘကြားလားမကြားလားမသိ။

"တော်တော့ကောင်လေး ဆက်မသောက်နဲ့တော့"

လက်ထဲကအရက်ခွက်ဆွဲလုခံလိုက်ရသည့်အခါ ဆန်းဟို၏ဒေါသတွေသည် ထောင်းခနဲ။

"ပေးစမ်းပါဗျာ"

"မင်းတရားမူးနေပြီ ကောင်ငယ်လေးရဲ့"

"ကျွန်တော့်ဘာနေကျွန်တော်မူးတာ ခင်ဗျားနဲ့ဘာဆိုင်လဲ"

မင်ဂျွန်၏စကားတွေသည်ထပ်မထွက်လာ။
'ခင်ဗျားနဲ့ဘာဆိုင်လို့လဲ'တဲ့။ကောင်ငယ်လေး၏စကားတွေသည် တစ်ခွန်းဆိုတစ်ခွန်းအတိုင်း သူ့အတွက်သိပ်ထိရောက်လွန်းလှပါသည်။သိပ်ဆိုင်ချင်လွန်းတဲ့ကိုယ့်ကိုမှ ပြောရက်တယ် လုပ်ရက်တယ်ဆိုပြီးလဲ အပြစ်မတင်ချင်။ကောင်ငယ်လေးအမှားမှမဟုတ်ပဲလေ။သေချာမချစ်ပြမိတဲ့သူ့အမှားပါ။

အဝသောက်ပြီးသွားလို့ထင်။သူ့ရှေ့က ကောင်ငယ်လေးသည် စားပွဲပေါ်တွင်ခေါင်းတင်ကာ အိပ်ပျော်သွားတော့သည်။

"ကိုယ့်ကိုကိုယ်ပင်ပန်းအောင်ဖိအားမပေးပါနဲ့လား ကောင်လေးရယ် မင်းကိုကြည့်ရင်းကိုယ်အများကြီးနာကျင်ရလို့ပါ"

ဆံပင်လေးတွေကိုခပ်ဖွဖွလေးပွတ်သပ်ပေးရင်း ခပ်တိုးတိုးသာ သူပြောမိသည်။ဆံပင်တွေကိုခပ်ကြမ်းကြမ်း သူမပွတ်ရဲ။ကောင်ငယ်လေး‌အိပ်ရေးပျက်သွားမှဖြင့်။ဆူဆူညံညံအသံတွေကြောင့် ကောင်ငယ်လေးနိုးလာမှာကိုစိုးရိမ်သဖြင့် သူ ကောင်ငယ်လေးအား မနိုးစေရန်သတိထား၍ ချီလိုက်ပြီး ကားစီသို့ထွက်လာခဲ့သည်။ဒီနေ့တော့ ကောင်ငယ်လေးကိုသူ့အိမ်သို့သာခေါ်သွားမည်။ ပူလောင်နေတဲ့နေရာထက် ကိုယ့်မေတ္တာနဲ့အေးချမ်းတဲ့နေရာမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပါ ကလေးရယ်။
။။။။
"ဦး ဆန်းလေးလဲပြန်မလာသေးပါလား"

Mr.Park with baby Koo |completed|Where stories live. Discover now