Part 21

832 77 2
                                    

#unicode

"ကလေးတစ်ယောက်မွေးစားပါ ကလေးသိပ်လိုချင်တဲ့အစ်ကို့အတွက် တူလေးသိပ်လိုချင်တဲ့မောင်လေးအတွက်"

ထိုစကားဆိုကာ မျက်ဝန်းတွေမှိတ်ချသွားသော သခင်မလေးဖြစ်သူသည် ပင်ပန်းလို့အိမ်တော်ထိန်းကြီးသည် တွေးခဲ့သည်။ထို့ကြောင့်သူ၏ပခုံးပေါ်တွင်ခေါင်းလေးတင်ကာ အိပ်ပျော်နေခဲ့သော သခင်လေးဖြစ်သူ၏ကျောအားပွတ်ကာ ဆေးရုံခန်းလေးရှိ လူနာစောင့်အိပ်ရာကုတင်ရှိရာသို့သွားလိုက်သည်။ထို့နောက်ညှင်သာစွာ ချပေးလိုက်ကာ သခင်မလေးအတွက် အာဟာရှိမည့်အစားအသောက်ပြင်ဆင်ရန်အခန်းအတွင်းမှထွက်လာခဲ့သည်။

လူနာစောင့်ကုတင်ပေါ်က ကလေးလေး၏မျက်ခွံလေးတွေ တလှုပ်လှုပ်ဖြစ်နေတာကိုတော့ မည်သူမှသတိမထားမိခဲ့ကြပေ။

။။
မိုးတွေသည် သည်းကြီးမည်းကြီးရွာနေကာ ခြံဝင်းထဲရှိအပင်တွေသည် ဘယ်ညာယိမ်းကနေကြ၏။ မှန်ပြတင်းပေါက်ဘေးရှိခုံတွင်ထိုင်နေလူသည် မှန်ပြတင်းပေါက်ကိုလာစင်သော မိုးရေစက်တွေကိုအကြောင်းမဲ့ငေးကြည့်ကာ ရေတွက်နေခဲ့သည်။ထိုလူ၏ဘယ်ဘက်လက်တွင် စီးကရက်တိုလေးတစ်ခုနှင့် လက်သန်းကြွယ်ရှိ ရွှေရောင်လက်စွပ်တစ်ကွင်းက ပနံသင့်စွာနေရာယူထားသည်။

"ဦး ဘာတွေတွေးနေတာလဲ"

လေသံပျော့ပျော့လေးက မိုးသံတွေကြားထွက်ပေါ်လာတဲ့အခါ မိုးရေစက်တွေကိုရေတွက်နေတဲ့လူသည်လည်း အသိပြန်ဝင်လာခဲ့သည်။နောက်ကသိုင်းဖက်ထားသော လက်ကလေးကိုခပ်ဖွဖွဆုပ်ကိုင်လိုက်ကာ လက်ထဲကဆေးလိပ်မီးကိုပြာခွက်ထဲထိုးဖိချကာငြိမ်စေလိုက်သည်။

ကလေးငယ်သည်ဆေးလိပ်နံ့ကိုမခံရ။
ကျန်းမာရေးအတွက်မကောင်းတာမို့ ကလေးရှိတဲ့အချိန်ဆေးလိပ်နံ့ကိုမရေစေချင်ပါ။

ကလေးငယ်၏လက်ကလေးအားဆွဲကာ ပေါင်ပေါ်သို့လာထိုင်စေလိုက်သည်။ထို့နောက်ကလေးငယ်၏ခါးလေးအားဖက်ကာ ရင်ခွင်လေးထဲခေါင်းလေးတိုးဝင်တော့ ကလေးငယ်က အလိုက်သတိသူ့(ဂျီမင်း)ကျောလေးကိုပုတ်ပေးလာသည်။

Mr.Park with baby Koo |completed|Where stories live. Discover now