Part 13

1.2K 103 5
                                    

#Unicode

202091

တစ်ခြံလုံးထိန်ထိန်လင်းနေသောမီးတွေ။
လမ်းတစ်လျှောက်ဖွေးဖွေးလှုပ်နေသောနှင်းဆီပွင့်ဖတ်ဖြူလေးတွေ။
လျှောက်လမ်းတစ်လျှောက် ထွန်းလင်းထားတဲ့ လာဗင်ဒါရနံ့ဖယောင်းတိုင်လေးတွေ။
အပြင်အဆင်တွေသည် ခပ်မှိုင်းမှိုင်းအိမ်တော်ကြီးနှင့်လိုက်ဖက်နေခဲ့သည်။

ဤနေ့သည် ထိုအိမ်တော်ကြီး၏အရှင်သခင် ပတ်ခ်ဂျီမင်းနှင့် သူ၏ရင်နှစ်သည်းချာလေး အူတူလေးတို့၏လက်ထပ်ပွဲ။

စင်မြင့်ထက်၏နောက်ပိတ်ကားပေါ်တွင် ကော့်ညွှတ်နေသောအရေးအသားဖြင့် သတို့သားနှစ်ယောက်၏နာမည်သည် ထင်ရှားတည်တံ့စွာတည်ရှိလေသည်။

ခြံဝင်ဝတွင်မူ အူတူလေးကိုပွေ့ချီလိုက် အူတူလေးမျက်နှာတစ်ကမ္ဘာလုပ်နေသော Mr.park နှင့် Mr.park ရင်ခွင်ထဲခေါင်းလေးတိုးကာရှက်နေသော အူတူလေးတို့၏ပုံသည် ပိတ်ကားပေါ်က အဓိကဇာတ်ကောင်အား မီးမောင်းထိုးပြထားသည့်နှယ် ဝင့်ကြွားစွာတည်ရှိလေသည်။

အိမ်တော်ကြီး၏အခန်းတစ်ခုထဲတွင်တော့..

"အူတူလေးကကွာ.."

ဂျီမင်း၏အသံသည် မကြည်လင်စွာထွက်ပေါ်လာခဲ့သည်။ မင်္ဂလာပွဲရက်မှာ romantic ဖြစ်ရန် ဇာတ်ကြောင်းရေးဆွဲသူက ရေးရန်ကြိုးစားခဲ့ပေမဲ့ ပြဿနာမဖြစ်ရမနေနိုင်သည့် မောင်နှံကြောင့် romantic ဆန်ဖို့အစီစဉ်သည် ပျက်သွားရလေပြီ။

romantic ဆန်မည့်အစီစဉ်အားပျက်အောင် မည်သည်ကများ ဆောင်ရွက်သွားရသနည်း။
ဇာတ်ကြောင်းရေးဆွဲသူလဲ သိလိုတာကြောင့် မင်္ဂလာပွဲလာတက်သည့်ဧည့်သည်တွေကို ခဏထားကာ လွန်ခဲ့သည့်မိနစ်အနည်းငယ်ကအခြေအနေကိုခတ္တခဏသွားကြည့်ကြပါစို့။

ဧည့်ခန်းထဲရှိ mr.park သည်စောင့်ရသည်ကိုစိတ်မရှည်တော့။ သို့ပေသိ ခင်ပွန်းလောင်းလေးစိတ်ဆိုးမည်စိုးတာကြောင့် ဧည့်ခန်းထဲတွင်သာဆက်ထိုင်နေလိုက်သည်။

၃၂နှစ်အရွယ်တွင် ယနေ့ရင်ခုန်သံသည်အလက်ဆက်ဆုံး။ပျော်လွန်းလို့ စိတ်တွေသည်မရိုးမယွပါဖြစ်လာလျက် ဘာလုပ်လုပ်အဆင်မပြေတော့။လူအများရှေ့ ချစ်ကြောင်းဝန်ခံကာ ပိုင်ဆိုင်ခွင့်ပြရမယ့်အချိန်တွေကို ရေတွက်ရင်းစောင့်နေရတာကိုပင် ပျော်လို့မဆုံး။တချို့တွေအတွက် ထီပေါက်တာသည် အပျော်ဆုံးဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဦး တစ်ဖြစ် ပတ်ခ်ဂျီမင်းအတွက်ကတော့ အူတူလေးကိုပိုင်ဆိုင်ရသည်ကသာ အပျော်ဆုံးဖြစ်နေခဲ့သည်။

Mr.Park with baby Koo |completed|Where stories live. Discover now