#Unicode
"ငါ ဘာတွေလုပ်လိုက်မိတာလဲ"
Mr.park သည်သူ၏အခန်းတွင်းသို့ပြန်ရောက်သည်နှင့် TV ရှေ့က sofaတွင်ထိုင်ကာ ခုနကသူလုပ်ခဲ့မိသောအပြုအမူတွေကိုပြန်လည်တွေးရင်းအရှက်ကြီးရှက်နေခဲ့သည်။
32 နှစ်ဆိုတဲ့အရွယ်အထိ ခုလိုသူရိသဲ့သဲ့လုပ်ဖူးတာသည် ဒါပထမဆုံး။ဘာကြောင့်များခုလိုလုပ်မိလဲဆိုတာလဲ ဂျီမင်းကိုယ်ကိုတိုင်နားမလည်။မျက်နှာတစ်ခုလုံးပူလာမှုနှင့်အတူ ဂျီမင်းသည် sofaနောက်မှီသို့ခေါင်းမှီချကာ မျက်လုံးတွေကိုမှိတ်လိုက်တော့သည်။
မျက်လုံးထဲမြင်နေရသော ခြေတံဖြူဖြူလေးတွေကို မမြင်ရအောင်မှိတ်ပစ်လိုက်သောငြား မျက်လုံးတွေမှိတ်ပစ်လိုက်မှပိုဆိုးသွားသည့်နှယ် မြင်ကွင်းတွေသည်ပိုရှင်းလင်းလာသည်။ လှေကားပေါ်ကဆင်းလာသည့်အခါ ရဲတက်သွားသာ့်ခြေဖဝါးလေး၊ sofa တွင်ဝင်ထိုင်သည့်အခါ ဘောင်းဘီလိပ်တက်မှုကြောင့်မြင်လိုက်ရသည့် ပေါင်တံဖွေးဖွေးလေး၊ ကျောင်းဆက်တက်ရမည်ဟုပြောလိုက်သည့်အခါ 'ကျေးဇူးတင်ပါတယ်' ဟုပြောပြီး ကိုယ်ကို ကိုင်းကာပြောလို့ တစ်စွန်းတစ်ဆမြင်လိုက်ရသည့် ရင်ဘက်ဖြူအုအုလေး၊ နှုတ်ခမ်းပါးပါးရဲရဲလေး
Mr.park ၏ရင်တစ်စုံသည် ငလျင်လှုပ်နေသည့်အတိုင်း။ဂျီမင်း၏ မျက်လုံးတွေသည်မှိတ်ထားရမှာအလန့်တကြားဖျက်ခနဲဖွင့်လာသည်။
ထိုကောင်လေးနှင့်တွေ့ဆုံရမှုသည် ၁၅မိနစ်ပင်ပြည့်လိုက်သည့် တွေ့ဆုံမှုမဟုတ်။ဒီလောက်တိုတောင်းသည့်တွေ့ဆုံမှုတွင် သူဘာကြောင့်ထိုကောင်လေး၏အရာအားလုံးကိုအလွတ်ရသွားရသနည်း။
ဂျီမင်းသည် ဆက်မတွေးချင်တော့တာကြောင့် ထိုင်ရာမှထလိုက်ကာ အဝတ်လဲခန်းရှိရာသို့လျှောက်သွားတော့သည်။ အချိန်တစ်ခုကြာပြီးသည့်အခါ အဝတ်လဲခန်းထဲမှထွက်လာသောလူသည် လွန်ခဲ့သောငါးမိနစ်ခန့်ကလို ဆံပင်တွေကိုလှန်တင်ထားကာ suitအပြည့်ဝတ်ဆင်ထားသော mr.park မဟုတ်တော့။ ဆံပင်တွေကိုမျက်နှာပေါ်ဖရိုဖရဲချထားကာ bathrobeတစ်ထည်ဝတ်ဆင်ထားသော ပတ်ဂျီမင်းဆိုသည့် ဆယ်ကျော်သက်လေးလို။
![](https://img.wattpad.com/cover/290928637-288-k359727.jpg)