#Unicode
'တောက်!'
'တောက်!'
'တောက်!'တိတ်ဆိတ်ငြိမ်သက်လှသောအခန်းအတွင်းတတောက်တောက်မြည်သံသည်အကျည်းတန်စွာထွက်ပေါ်လာသည်။ ထိုမြည်သံလာရာအရင်းအမြစ်သည် အခန်းအတွင်းအလယ်ဗဟိုတည့်တည့်စားပွဲ၌ဖြစ်သည်။ထိုစားပွဲပေါ်တွင်အမျိုးသားတစ်ယောက်သည်ခြေချိတ်ထိုင်နေကာ စားပွဲမျက်နှာပြင်အား လက်ဖြင့်တစ်တောက်တောက်ခေါက်နေသည်။
ချိတ်သွယ်ထားသောခြေတံတွေသည်သွယ်လျစွာ။ အင်္ကျီကိုယ်ကျပ်ဝတ်ထားတာကြောင့် ရင်ဘက်ကျယ်ကျယ်နှင့်ဗိုက်ပေါ်ကကြွက်သားအမြောင်းလိုက်တို့သည်ထင်းလင်းစွာမြင်နေရသည်။ အင်္ကျီလက်တို့ကိုတံတောင်ဆစ်အထိခေါက်တင်ထားသောကြောင့် လက်ဖျံကသွေးကြောတွေသည်စိမ်းမြမြ။ လက်ကောက်ဝတ်နားက '13' ဟုရေးထိုးထားသောတက်တူးသည် တန်ဖိုးကြီးနာရီကြောင့် တစ်စွန်းတစ်စသာမြင်နေရသည်။ တင်းနေအောင်စေ့ပိတ်ထားသောနှုတ်ခမ်းဖူးတစ်စုံ။ မှေးကျဥ်းနေသောမျက်ဝန်းတစ်စုံသည် ကျားရဲပမာစူးရှတောက်ပနေသည်။ အခန်းအတွင်းရှိတစ်လုံးတည်းသောမီးသီးသည် ဘက်လိုက်စွာထိုလူသားတစ်ယောက်တည်းကိုပဲအလင်းပေးနေရော့ထင်။ သို့သော်ထိုလူသား၏အရှိန်အဝါသည် မှောင်မဲနေသည့်အခန်းအတွင်းကို ထူးဆန်းစွာဖြာကျနေခဲ့သည်။
"ကျွန်..ကျွန်တော့်ကိုလွှတ်..ပေးပါဗျာ..ကျွန်တော်တောင်းပန်ပါတယ်"
အတုန်တုန်အယင်ယင်ထွက်ကျလာသောအသံသည် တိတ်ဆိတ်နေသောပတ်ဝန်းကျင်အနေအထားကိုဖျက်ဆီးပစ်သည်။ ထိုအသံကိုကြားသည့်အခါ စားပွဲပေါ်တွင်ခြေချိတ်ထားသော လူသည် 'ဟက်'ခနဲတစ်ချက်ရယ်သည်။
"ကျွန်..ကျွန်တော်..ပိုက်..ပိုက်ဆံကိုမရရအောင်..ပြန်ရှာပြီးဆပ်ပါ့မယ်"
ခြေချိတ်ထားနေသော လူသားသည် စားပွဲပေါ်ကဆင်းကာ ဘောင်းဘီအိတ်ထဲလက်ဖက်ထည့်ပြီးတခြားတစ်ဖက်ကဓားမြှောင်အသေးလေးအားလှည့်ကစားကာ မနီးမဝေးရှိဒူးထောက်ကြိုးတုတ်ခံထားရသောလူဆီတလှမ်းချင်းလျှောက်လာခဲ့သည်။ ထိုဒူးထောက်ထားသောလူနားသို့ရောက်သည့်အခါ ဓားမြှောင်ထိပ်ဖျားဖြင့်ထိုသူ၏မေးကနေမော့စေပြီး ထိုလူ၏မျက်လုံးတွေကိုသေချာကြည့်သည်။
![](https://img.wattpad.com/cover/290928637-288-k359727.jpg)
YOU ARE READING
Mr.Park with baby Koo |completed|
Fiksi Penggemartop-park jimin bottom-jeon jungkook