#Unicode
"JEON JUNGKOOK !!"
အိမ်အောက်ထပ်ကစူးရှစွာထွက်ပေါ်လာသောအသံကြောင့်အပေါ်ထပ်အခန်းထဲရှိစာလုပ်နေသောကျောင်းသားလေးသည်ကပြာကရာအောက်ထပ်သို့ပြေးဆင်းလာခဲ့သည်။
hoodieခပ်ကြီးကြီးခရမ်းရောင်ကိုဘောင်းဘီအမဲအကွက်ကြီးကြီးတွဲကာဝတ်ဆင်ထားသောထိုလူသားသည်အလွန်ပင်ချစ်ဖို့ကောင်းနေခဲ့သည်။
"ဟုတ်ကဲ့ ဖေဖေ"
"ဟုတ်ကဲ့တွေဘာတွေလုပ်မနေနဲ့!မင်းငါနဲ့လိုက်ခဲ့!"
"ခင်..ခင်ဗျာ ဘယ်ကိုလဲဟင်"
ခပ်ဝိုင်းဝိုင်းမျက်လုံးတွေသည် ပြူးကျယ်လာကာချက်ချင်းအရည်ကြည်လေးတွေလဲ့လာသည်။ ခပ်ကြီးကြီးအင်္ကျီအောက်ကလက်ကလေးတွေသည်တစ်ဖက်ကိုတစ်ဖက်ကုတ်ဖဲ့ထားတာ သွေးအနည်းငယ်ပင်ထွက်နေခဲ့ပြီ။ထိုလူသားငယ်သည် အရှေ့ကသူ၏ဖေဖေဆိုသောပထွေးဖြစ်သူအားသိပ်ကိုကြောက်လန့်နေခဲ့ပါသည်။
"စောက်စကားတွေကရှည်ပြီ!!ငါကလိုက်ဆိုလိုက်ခဲ့ပေါ့!ဖြတ်ရိုက်လိုက်ရ"
လက်ရွယ်လိုက်သည့်အခါချက်ချင်းပိတ်ကျသွားသည်ခပ်ဝိုင်းဝိုင်းမျက်လုံးလေးတွေ။ ဖိကိုက်ခံလိုက်ရသောအောက်နှုတ်ခမ်းပါးလေး။ ပါးပြင်ပေါ်ဖြတ်ပြေးသွားသော မျက်ရည်စည်းကြောင်းတစ်စုံ။ ကြောက်လန့်သွားတာတောင်ကဗျာဆန်စွာပင်။
"ငါလုပ်မိတော့မှာပဲ!မြန်မြန်လာစမ်း!"
လက်ကနေဆွဲကာအကြမ်းပတမ်းခေါ်သွားသောအခါ ကဗျာဆန်မှုလေးသည်မပြေးရုံတမယ်လိုက်ရတော့သည်။ အလောတကြီးဆွဲခေါ်မှုနောက်လိုက်ပါခဲ့ရတာမို့ ကဗျာဆန်မှုလေး၏ခြေဖဝါးတွင်ဖိနပ်မပါ။ အိမ်တွင်းစီးဖိနပ်လေးသည်လည်း အိမ်အောက်ကအလန့်တကြားခေါ်မှုကြောင့် အိမ်ပေါ်ထပ်တွင်ကျန်နေခဲ့သည်။ ယခုအခါတွင်တော့ ကဗျာဆန်မှုလေးသည်ခြေအိတ်အဖြူလေးနှင့်ရှေ့ကလူ၏အလောတကြီးဆွဲခေါ်မှုကြောင့်လမ်းမထက်ပြေးလွှားနေရသည်။ အချိန်တစ်ခုကြာလာသည့်အခါ ကဗျာဆန်မှုလေး၏ခြေအိတ်အဖြူလေးသည် အမဲဘက်သို့ရောက်လာကာ တစ်ချို့နေရာတို့တွင်အနီရောင်တွေပေနေလေပြီ။ အချိန်တစ်ခုကြာသည်အထိပြေးပြီးတဲ့အခါ ရောက်လာသည်က ကာစီနိုရုံတစ်ခု။