Part 9

1.2K 89 0
                                    

( Zawgyi )

" သားတော်ကို ဟဲပင်းတိုင်းပြည်ကိုသွားခွင့်ပြုပါ ခမည်းတော် "

မတောင်းစဖူးခွင့်ပြုချက်တွေတောင်းနေသည့်သားတော်ကြောင့် ဝမ်မင်းကြီးနှင့် မိဖုရားကြီးမှာအံ့ဩသွားရသည်။

" ဘယ်လိုအကြောင်းကြောင့်သွားချင်ရတာလဲသားတော် "

" သားတော် လက်တွဲဖော်သွားရှာမလို့ပါ "

" အဲ့လောက်ကြီးလိုလို့လားသားတော်ရယ် "

မိဖုရားကြီးမုန့်ဇီယီ ဖြစ်နိုင်လျှင် ဟဲပင်းတိုင်းပြည်ကိုမသွားစေချင်ပါ။အတိတ်ကဖြစ်ရပ်တွေက ပျော်စရာတွေမဟုတ်ခဲ့ပေ။သို့သော် မင်းကြီးဝမ်ကျိုးချန်မှာတော့ ပြုံးပြုံးဖြင့်

" ကောင်းတယ် သားတော်ရဲ့မယ်တော်ကိုလည်း ခမည်းတော် ဟဲပင်းတိုင်းပြည်ကနေတွေ့ခဲ့တာဘဲ အဲ့တိုင်းပြည်မှာ ထက်မြက်ပြီး စိတ်သဘောထားပြည့်ဝတဲ့အမျိုးသမီးတွေရှိတယ်သားတော်ရဲ့ မယ်တော်ကိုဘဲကြည့်လေ ပြီးတော့ခမည်းတော်လည်းအနားယူတော့မယ်ဆိုတော့ တိုင်းပြည်ကိုသားတော်ကပြန်အုပ်ချုပ်ရင် တိုင်းပြည်မိခင်ပါရှိတာကောင်းတဲ့ကိစ္စဘဲလေ "

" ခမည်းတော်ခွင့်ပြုပြီဆိုရင် သားတော် မနက်ဖြန် နေထွက်တာနဲ့ သွားဖို့ပြင်ဆင်လိုက်ပါအုံးမယ် "

" ကောင်းပြီ သားတော် "

မုန့်ဇိယီမှာသာ ရင်ထဲမရွှင်မပျဖြစ်နေလေသည်။သို့သော် သူတားလို့လည်းရမည်မဟုတ်။ဒီအဖေနှင့် ဒီသားစိတ်ဓာတ်တွေကတစ်ခုတည်းပင်။တစ်ခါဆုံးဖြတ်ပြီးသည်နှင့် မည်သည့်အကြောင်းကြောင့်မှ အဖျက်စီးမခံပေ။အခုလည်းသားတော်ဖြစ်သူမှာ ခွင့်တောင်းခြင်းမဟုတ်ဘဲ အသိလာပေးခြင်သာ။ခွင့်ပြုသည်ဖြစ်စေ ၊မပြုသည်ဖြစ်စေ ဖြစ်အောင်လုပ်မှာကိုကြိုသိနေသည်။အခုချိန်မှာ မုန့်ဇိယိ သက်ပြင်းမောသာချနိုင်တော့သည်။

နောက်နေ့နေထွက်လာချိန်မှာတော့ နန်းတော်ရှေ့မြင်းကိုယ်စီနှင့် အဆင်သင့်ဖြစ်နေလေပြီ။ဝမ်ရိပေါ် ခမည်းတော်နှင့် မယ်တော်ကိုနှုတ်ဆက်နေသည်။

" ဒါဆိုအခု သားတော်သွားတော့မယ် "

" ကောင်းပါပြီ သင့်တော်တဲ့လက်တွဲဖော်တစ်ယောက်ခေါ်လာနိုင်ပါစေ သားတော် "

Infinity ( Complete )Where stories live. Discover now