Part 18

932 55 2
                                    

Zawgyi
ဒီနေ့စာသင်ချိန်တစ်လျှောက်လုံးရှောင်ကျန့်စိတ်မဝင်စားပါ။အကြောင်းမှာ ချစ်ရတဲ့ရှစ်ကျဲဖြစ်သူကိုမတွေ့ရသေးသောကြောင့်ပင်။စာထဲတွင်ဘယ်လိုမှစိတ်မရောက်နိုင်။အတွေးတို့ရောက်ရက်ခတ်နေလေသည်။ရှစ်ကျဲဖြစ်သူမှာသူ့အားမုန်းသွား၍များလားဟူသောအတွေးတို့ဖြင့်ရတက်မအေးဖြစ်နေလေသည်။

" စာစိတ်မဝင်စားဘူးလားအရှင့်သား "

" အာ မဟုတ်ပါဘူး ဆက်သင်ပါ "

ဆက်သင်ဖို့သာပြောနေသော်လည်းအကြည့်တို့ကတစ်စုံတစ်ယောက်ဝင်လာမည့်တံခါးဝဆီသို့သာ။သူကြည့်နေတုန်းမှာပင် ဝင်ရောက်လာသည့်ခရမ်းရောင်အရိပ်လေး။ရှောင်ကျန့်ခဏလောက်တော့မှင်သက်သွားမိသည်။ပုံမှန်ဆိုရှစ်ကျဲက အနီရောင်ဝတ်နေကြမလား။ဒီနေ့မှထူးထူးဆန်းဆန်း ခရမ်းဖျော့ရောင်ဝတ်စုံလေးနှင့်မို့ အေးအေးလေးနှင့်တစ်မျိုးကြည့်ကောင်းနေပြန်သည်။

" ရှစ်ကျဲ "

ဇိယီမှာ ဘာတစ်ခွန်းမှမပြောဘဲ အပြုံးနုနုလေးသာစွန့်ကြဲသည်။ထို့နောက် ဘေးတွင်ထိုင်ကာ မင်သွေးပြန်သည်။အပေါ်တွင်အနည်းငယ်ထုံးဖွဲ့ထား၍ ဖြန့်ကျက်ထားသောဆံနွယ်တို့အားကြည့်မိတော့ သူပေးခဲ့သော ခရမ်းဖျော့ရောင် ဆံထိုးလေး။ရှောင်ကျန့်တစ်ယောက်အလွန်ပင် ပျော်ရွှင်အူမြူးသွားရသည်။ဒါကသူ့ကို ရှစ်ကျဲလက်ခံပါသည်ဟုပြောခြင်းပင်မဟုတ်ပါလား။ထို့ကြောင့်ရှစ်ကျဲက ခရမ်းနုရောင် ဝတ်စုံလေးဝတ်လာတာကိုး။
မျက်နှာခေမြှုနျ့တှေအမြားကွီးမလိမျးထားသော မျက်နှာပြေပြေလေးမှာ နဂိုမူလအတိုင်းလေးချောမွေ့နေသည်။ကော့ညွတ်နေသော မျက်တောင်လေးများကို တစ်ချက်ခတ်လိုက်တိုင်း သူရင်တစ်ခါဖိုရသည်။ပြုံးရောင်သန်းနေသောပန်းဆီရောင်နှုတ်ခမ်းလေးကိုအကြည့်ပို့မိတော့ ကိုယ့်အတွေးနှင့်ကိုယ်ရှက်ကိုးရှက်ကန်းဖြစ်မိသေးသည်။သူစိတ်ထင်၍ဘဲလားမသိ ရှစ်ကျဲရဲ့ပါးမို့မို့လေးတွေပန်းရောင်သန်းနေသလိုဘဲ။ချထားသော မျက်လွှာလေးအားအပေါ်ပင့်တင်ကာ သူ့အားကြည့်လာသော မျက်ဝန်းချိုချိုလေးများကိုမြင်လိုက်ရချိန်မှာတော့ ရှောင်ကျန့်ရင်ဘတ်ကြီးဗြောင်းဆန်ကာ မျက်နှာမှာလည်းအလွန်ဖြီးနေလေသည်။သူငေးကြည့်နေတုန်းမှာဘဲ

Infinity ( Complete )Where stories live. Discover now