Zawgyi
" မိ..မိဖုရားယွဲ့ပါ..မင်းကြီး.."" ဘာ "
မယုံနိုင်။ဘယ်လိုမှမယုံနိုင်ပေ ။ မိမိရဲ့မိဖုရားကအဲ့လိုလုပ်မယ့်လူစားမျိုးမှမဟုတ်တာ။မိမိကိုပညာသင်ကြားပေးခဲ့သည့်ဆရာအား ထိုကဲ့သို့လုပ်ရလောက်သည့်ထိမိုက်မဲမည်မထင်ပါ။သို့သော်ညစာပြင်ဆင်ခဲ့သူက မိဖုရားတဲ့လား။ဝမ်ရိပေါ်စိတ်တို့ရှုပ်ထွေးလာရသည်။ဖျော့တော့စွာလဲလျောင်းနေသောချစ်ရသူအားမြင်ပြန်တော့လည်းထွေထွေထူးထူးဘာမှမစဉ်းစားမိတော့။ချစ်ရသူကလွဲမည်သူမှအရေးမကြီးပေ။
" မိဖုရားယွဲ့ကို အခုချက်ချင်းဖမ်းချုပ်ထားလိုက် "
စကားသံအဆုံးရဲမက်များမှာမိဖုရားအဆောင်ဆီသို့ဦးတည်လျှက်။
ယွဲ့ချင်းရယ်မှာတစ်ညနေလုံးညစာပြင်ဆင်လိုက်ရ၍ပင်ပန်းသွားပြီဖြစ်၍အနားယူနေချိန်တံခါးခေါက်သံကြားလိုက်ရသည်။အထိန်းတော်ရိလည်းသွားဖွင့်လိုက်တော့ရဲမက်များတန်းစီနေသည်ကိုတွေ့လိုက်ရတော့အနည်းငယ်လန့်မိသွားသည်။" မိဖုရားယွဲ့ရှိပါသလား "
" ဟုတ်ရှိပါတယ် ဘာအကြောင့်ရှိလို့ပါလိမ့် "
" မိဖုရားယွဲ့အားကြင်ယာတော်ကို မကြောင့်ကြံစည်မှုဖြင့်ဖမ်းရန် မင်းကြီးအမိန့် "
အထိန်းတော်ရိပါမကယွဲ့ချင်းရယ်ပါလန့်သွားသည်။အဆောင်တွင်းသို့ရဲမက်များဝင်လာကာ
" ကျွန်တော်တို့နဲ့လိုက်ခဲ့ပါ မိဖုရား "
" တစ်ခုခုတော့မှားနေတယ်မဟုတ်ဘူးလား "
" မင်းကြီးအမိန့်တော်ပါ မိဖုရား "
မင်းကြီးအမိန့်ဆိုမှတော့သူမဘာများတတ်နိုင်မည်နည်း။ရဲမက်များ၏ခေါ်ဆောင်ရာနောက်သို့ရောက်သွားခဲ့သည်။အကျဉ်းဆောင်တစ်ခုအတွင်းသို့ရောက်တော့သူမအားထည့်ထားခဲ့ကာထွက်သွားချေသည်။သူမပြုံးသည်။သို့သော်နာကျင်သောအပြုံးတစ်ခု။
တိတ်ဆိတ်သောညအမှောင်ယံ၌ခြေသံတစ်ရှပ်ရှပ်အားအတိုင်းသားကြားနေရသည်။ခြင်များကိုက်သည့်ကြားတွင် မိဖုရားမှာညည်းညူမှုမရှိ မှိုင်တွေစွာထိုင်နေဆဲ။မကြာခင်အကျဉ်းထောင်တံခါးရှေ့လူတစ်ယောက်ရောက်လာလေသည်။
YOU ARE READING
Infinity ( Complete )
Historical Fictionနှလုံးသားတံခါးအား ဆူးအထပ်ထပ်ရစ်ကာပတ်လို့ လှောင်ပိတ်ထားသော် အဘယ်သူမှာပို၍နာကျင်ရအံ့နည်း နှလုံးသားတံခါးအား ဆူးအထပ်ထပ်ရစ်ကာပတ်လို့ လှောင်ပိတ်ထားသော်အဘယ်သူမှာပို၍နာကျင်ရအံ့နည်း Yizhan History