Zawgyi
" ဝမ်...ဝမ်ကျားလုံ "
တုန်လှုပ်စွာဖြင့်ခေါ်မိတော့
" ဟုတ်တယ်လေ ကျွန်တော်ဝမ်ကျားလုံပါ အကိုတော် "
" မင်းကဘာလို့ "
" အကြွေးပြန်လာယူတာ "
" အကြွေး "
ဝမ်ရိပေါ်နားမလည်နိုင်စွာဖြင့်သံယောင်လိုက်မိသည်။မည်သူ့ဆီတွင်မှအကြွေးမတင်ဖူးသောဝမ်ရိပေါ်မှာ အူကြောင်ကြောင်ဖြင့်သာနားထောင်နေရလေသည်။
" ဘာအကြွေးလည်းသိလား သွေးကြွေးလေ "
" ကောကောသိလား ကျွန်တော်ဒီနှစ်တွေအတွင်းမှာဘယ်လိုရှင်သန်ခဲ့ရတယ်ဆိုတာ ကျဲကျဲမရှိတဲ့နေ့ရက်တွေကိုကျွန်တော်ဘယ်လိုအင်အားနဲ့ဖြတ်ကျော်ခဲ့ရလဲဆိုတာ ကောကောသိလား ဟက် ဘယ်သိမလဲကောကောကအရာအားလုံးကိုမေ့နေခဲ့တာလေ ကျွန်တော့မှာသာ နေ့ရက်တိုင်းကိုကျဲကျဲမရှိတော့ဘူးဆိုတဲ့အသိနဲ့ခြောက်ခြားစွာရှင်သန်ခဲ့ရတာ ကျွန်တော်သိပ်ချစ်ရတဲ့ကျဲကျဲမရှိတော့ဘူးဆိုတဲ့အသိနဲ့ အဲ့ဒါကဘယ်လောက်နာကျင်စရာကောင်းတယ်ဆိုတာကောကောသိရဲ့လား မသိလည်းကိစ္စမရှိပါဘူး မကြာခင်မှာကျွန်တော်ကအဲ့ခံစားချက်ကိုကောကောနားလည်အောင်ပြပေးတော့မှာမို့ "
ပြောကာဖြင့်ရှောင်ကျန့်ဘက်လှည့်ကာ မေးဖျားလေးအားဆွဲယူလေသည်။
" ရှစ်စွင်းသိလား ကျဲကျဲကရှစ်စွင်းကိုသိပ်ချစ်တယ်ဆိုတာ ကျွန်တော်တွေ့ခဲ့ရတယ် ရှစ်စွင်းနဲ့ကောကောအတူရှိတဲ့အချိန်တွေမှာ တိတ်တခိုးကျခဲ့တဲ့ ကျဲကျဲရဲ့မျက်ရည်တွေကို ကျဲကျဲပြောခဲ့ဖူးတယ် ကျဲကျဲဘဝရဲ့အကြီးမားဆုံးဆုတောင်းတွေဟာ ရှစ်စွင်းနဲ့ကောကောအတွက်ဘဲတဲ့ ကျွန်တော်ရင်နာတယ်ရှစ်စွင်း ကျဲကျဲရဲ့နှလုံးသားထဲမှာကျွန်တော့အတွက်နေရာမရှိခဲ့လို့ ဒါပေမယ့်ကျွန်တော်အဆင်ပြေပါတယ် ကျဲကျဲကိုမကွပ်မျက်ခင်အချိန်အထိပေါ့ ကျဲကျဲအနားမှာရှိခွင့်ရတာနဲ့တင်ကျွန်တော်ကျေနပ်ခဲ့တယ် ဒါပေမယ့် ကောကောကကျွန်တော့ရဲ့မျှော်လင့်ချက်ရောင်ခြည်လေးကိုဖျက်စီးခဲ့တယ် ပြောပါအုံး ကျွန်တော်ကောကောကိုမုန်းလို့ရတယ်မလားကျွန်တော်သိပ်ချစ်ရတဲ့ကျဲကျဲကိုကွယ်ပျောက်စေခဲ့တဲ့ ကောကောကိုလေ ကျွန်တော်မုန်းသင့်တယ်မလား "
YOU ARE READING
Infinity ( Complete )
Historical Fictionနှလုံးသားတံခါးအား ဆူးအထပ်ထပ်ရစ်ကာပတ်လို့ လှောင်ပိတ်ထားသော် အဘယ်သူမှာပို၍နာကျင်ရအံ့နည်း နှလုံးသားတံခါးအား ဆူးအထပ်ထပ်ရစ်ကာပတ်လို့ လှောင်ပိတ်ထားသော်အဘယ်သူမှာပို၍နာကျင်ရအံ့နည်း Yizhan History