Zawgyi
ကောင်းကင်ယံသို့မီးခိုးများတစ်လူလူထွက်နေပုံကဝမ်းနည်းစရာကောင်းလွန်းလှသည်။အဘယ်ကြောင့်နည်း။ဟုံလုံအရှင်နှင့်မိဖုရားအားသင်္ဂြိုလ်နေခြင်းပင်။မြဲမြံစွာယှက်ကိုင်ထားသောလက်တို့အား ဘဝပေါင်းများစွာပေါင်းဖက်နိုင်စေရန်မဖြုတ်တော့ဘဲ အတူအတကွမီးရှို့သင်္ဂြိုလ်လေသည်။နောင်ဘဝများမှာတော့ သားတော်ပေးတဲ့ချစ်ခြင်းနဲ့အညီပြည့်စုံတဲ့အချစ်တစ်ခုကိုပြန်ရပါစေလို့မယ်တော်ဆုတောင်းချင်ပါရဲ့သားတော်။ဘဝတစ်လျှောက်လုံးပေးဆပ်ခဲ့ရတဲ့ပျော်ရွှင်မှုတွေအတွက်ထိုက်တန်တဲ့ရလဒ်တစ်ခုကိုသားတော်မခံစားခဲ့ရဘူးနော်။ဒါကမယ်တော့်ရဲ့အတ္တကြောင့်လို့ဘဲဆိုမလား။ခေါင်းမာလွန်းတဲ့ကျန့်အာကိုတော့မယ်တော်အပြစ်မတင်ချင်တော့ဘူးသားတော်။ကျန့်အာရဲ့အနက်ရှိုင်းဆုံးသောအချစ်တွေကိုမယ်တော်တို့တွေ့မြင်ခဲ့ရပြီးဖြစ်လို့။တမလွန်မှာပျော်နေမယ်မလားသားတော်။သားတော်သိပ်ချစ်တဲ့ကျန့်အာကသားတော်နောက်ကိုလိုက်ခဲ့သတဲ့။ချစ်လွန်းပါတဲ့လေ။သားတော်ပျော်နေမယ်ဆိုတာမယ်တော်ကျိန်းသေပေါက်သိတာပေါ့ချစ်သားတော်လေးရယ်။
မီးခိုးများအားကြည့်ကာ ရင်ထဲနာကျင်မှာများကအတိုင်းအဆမရှိဝင်ရောက်သည်။အမြဲတစ်စေမိမိဘေးနား၌ ရပ်တည်ပေးနေသောခင်ပွန်းဖြစ်သူအားအမှီတဟဲပြုကာမျက်ရည်တို့အားစီးကျခွင့်ပေးလိုက်သည်။ချစ်ခင်ပွန်းမှာတော့ လက်ကလေးအားနူးညံ့စွာကိုင်ထားပေးကာမျက်ရည်တို့အားသုတ်ပေးလေသည်။အရှင့်အနားမှာရှိခွင့်ရခဲ့တာလည်းဇိယီအတွက်ကံကောင်းခြင်းတွေထဲကတစ်ပါးပေါ့အရှင်။ဝမ်းနည်းပြီးပြိုလဲချင်တဲ့အချိန်တိုင်းအဆင်သင့်စောင့်ကြိုပေးတတ်သောရင်ခွင်ကျယ်ကမုန့်ဇိယီဆိုတဲ့မိမိတစ်ဦးတည်းအတွက်သာ။အရှင်နဲ့သားတော်ကအချစ်ကြီးလွန်းတာကိုဇိယိသိတယ်။ဒါပေမယ့်အချစ်ကိုရယူပုံကမှားယွင်းခဲ့တာပါ။ရယူခဲ့ပုံခြင်းတူညီခဲ့တဲ့သားအဖတွေဟာ နာကျင်ခြင်းတရားတွေလည်းတူညီခဲ့သည်။သို့သော်အကုန်လုံးအနိုင်ရခဲ့သူတွေချည်းသာ။သက်ဆိုင်သူ၏ခန္ဓာကိုယ်ပါမကနှလုံးသားကိုပါရခဲ့သူတွေပေါ့။စိတ်မကောင်းစရာတစ်ခုမှာထိုအခြင်းအရာတို့အားသိရှိခွင့်မရှိခဲ့ခြင်းသာ။
YOU ARE READING
Infinity ( Complete )
Historical Fictionနှလုံးသားတံခါးအား ဆူးအထပ်ထပ်ရစ်ကာပတ်လို့ လှောင်ပိတ်ထားသော် အဘယ်သူမှာပို၍နာကျင်ရအံ့နည်း နှလုံးသားတံခါးအား ဆူးအထပ်ထပ်ရစ်ကာပတ်လို့ လှောင်ပိတ်ထားသော်အဘယ်သူမှာပို၍နာကျင်ရအံ့နည်း Yizhan History