Part 24

1K 64 0
                                    

Zawgyi
မနက်ဝေလီဝေလင်းအချိန်နန်းတော်ထဲသို့ဝင်ရောက်လာသောမင်းကြီးနှင့်အတူရဲမက်များ။ရှီးဝမ့်ဒေသ၌နှစ်ရက်လောက်သောင်တင်ကာ မင်းကြီးကိုယ်တိုင်ဦးဆောင်၍ပြန်လည်ပြုပြင်ခြင်းများကိုပြုလုပ်ခဲ့သည်။သေဆုံးသွားသောပြည်သူများကိုကောင်းမွန်စွာသင်္ဂြိုလ်ကာကျန်ရှိနေသောပြည်သူများကိုလည်းဆေးကုသပေးသည်။ထို့နောက်ရှီးဝမ့်ဒေသအားမည်သူမျှမကျူးလွန်နိုင်စေရန် ရဲမက်အချို့အားအစောင့်အကြပ်အဖြစ်ထားခဲ့လေသည်။သူပုန်ဖြစ်ဟန်တူသောမိန်းကလေးသည်လည်းဝမ်ရိပေါ်နှင့်တိုက်ခိုက်ပြီးကတည်းကပေါ်မလာတော့ချေ။ထို့ကြောင့်ရဲမက်များအားခေါ်ကာနန်းတော်သို့အသော့နှင်ခဲ့လေတော့သည်။ချစ်ရသည့်ကြင်ယာတော်လေးအားလွမ်းလွန်းလှလေပြီ။နန်းတော်သို့ရောက်သည်နှင့်ကြင်ယာတော်အဆောင်သို့ဦးစွာဝင်သွားခဲ့သောမင်းကြီးမှာကြင်ယာတော်အားမည်မျှချစ်သည်ကိုသိနိုင်ပေသည်။

ဝမ်ရိပေါ်တစ်ယောက်အဆောင်ထဲသို့ဝင်လာတော့ ရှောင်ကျန့်မှာအိပ်ကောင်းဆဲ။ထို့ကြောင့်အသံမထွက်စေရန်ကုတင်ပေါ်ဖြေးညှင်းစွာထိုင်၍ပါးမို့မို့အားနူးညံ့စွာနမ်လိုက်လေသည်။ပင်ပန်းသမျှအတွက်အားဆေးလေးမှာ ရှစ်စွင်းဟူသောဖြစ်တည်မှုမှအပမရှိ။ဝမ်ရိပေါ်၏အထိအတွေ့ကြောင့်ရှောင်ကျန့်လွန့်လူးကာနိုးလာလေသည်။တွေ့လိုက်ရသည့်မြင်ကွင်းကြောင့်အံ့ဩကာမျက်လုံးတို့အားပွတ်၍တစ်ဖန်ကြည့်ပြန်သည်။

" ရိပေါ် "

" အင်းရှစ်စွင်း ကျွန်တော်ကြောင့်နိုးသွားတာလား "

" ပြန်ရောက်လာပြီပေါ့ "

ပြောပြီးသည်နှင့်ရှောင်ကျန့်တစ်ယောက်ဝမ်ရိပေါ်အားတင်းကြပ်စွာဖက်ထားလိုက်သည်။ဝမ်ရိပေါ်လည်းအံ့ဩမှုများနှင့်ပြနန်လည်ဖက်တွယ်ကာ

" ရှစ်စွင်း "

" ခဏလေးဘဲရိပေါ် ငါလွမ်းလို့ "

အလို။ရှောင်ကျန့်စကားကြောင့်ပို၍ပင်မျက်လုံးများပြူးကျယ်သွားတော့သည်။ရှစ်စွင်းက သူ့ကိုလွမ်းသည်တဲ့လား။အိပ်မက်များလား။ထို့ကြောင့်သူ့ပါးအားတစ်ချက်လိမ်ဆွဲလိုက်သည်။

Infinity ( Complete )Where stories live. Discover now