Part 28

1K 62 0
                                    

Zawgyi
" တောင်းပန်ပါတယ်ချင်းရယ် ငါအရမ်းနောက်ကျသွားပြီလား "

ပိုင်ရှင်မဲ့သွားခဲ့ပြီဖြစ်တဲ့ အဆောင်တစ်ခုရှေ့ဝယ်ဝမ်ရိပေါ်တစ်ယောက်တည်းတောင်းပန်စကားဆိုနေမိသည်။အဆောင်ရှေ့တွင်ပေါက်နေသော ချယ်ရီပင်မှပန်းဆီရောင်ချယ်ရီပွင့်သေးသေးလေးများမှာလည်းမြေပေါ်သို့ကြွေကျကာ သခင်အတွက်ဝမ်းနည်းပူဆွေးနေသည့်အလား ။ခြောက်ကပ်တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်က သူ့ရဲ့ဝမ်းနည်းမှုတွေကိုပိုပြီးအားဖြည့်ပေးနေသယောင် ။ တံခါးချပ်ကြီးပေါ်တွင် ' နန်းကျမိဖုရား ယွဲ့ချင်းရယ်၏အဆောင်တော် ' ဆိုသည့်စာတန်းမှာအကျည်းတန်စွာနေရာယူလျှက်။သူလည်းချစ်ခဲ့တယ်လေ ညီမလေးတစ်ယောက်လိုပေါ့ ။လေးနှစ်တာသံယောဇဉ်တွေကသံသယဆိုတာလေးတစ်ခုတည်းနဲ့ပြတ်တောက်သွားခဲ့တာက သိပ်ကိုရယ်စရာကောင်းသည်မဟုတ်ပါလား။ဘာကြောင့်များဖြူစင်လွန်းတဲ့မင်းရဲ့အပြုံးတွေကိုသံသယဝင်ခဲ့မိပါလိမ့် ။ အခုတော့နောင်တတရားကြီးကိုငါထွေးပိုက်နေရပြီ ချင်းရယ် ။

" သားတော် "

အနောက်မှထွက်ပေါ်လာသောအသံလေးမှာ ဂရုဏာသက်စွာ ။ သူမသားတော်လေးဘယ်လောက်တောင်ပင်ပန်းနေလိမ့်မလဲ ။ မိမိ၏ခမည်းတော်နှင့်မယ်တော်တို့၏ရန်ငြိုးများကြား ဘာမှမဆိုင်ဘဲမြေစာပင်ဖြစ်နေရသည့်သူမသားတော်လေးကအတော်ပင်သနားစရာကောင်းလွန်းလှသည်။ချစ်ရသူဆီကအမုန်းတရားတွေနှင့်သာရှင်သန်နေရသည့်သားတော်အားမကြည့်ရက်တော့သည့်အတွက် ဘယ်သောအခါမှမပြောတော့ဟု ဆုံးဖြတ်ကာကွယ်ဝှက်ထားခဲ့သည့်အမှန်တရားတစ်ခုအားပြောပြရတော့မည်။

" မယ်တော် "

ညိုးငယ်နေသည့်မျက်နှာလေးမှာစိတ်အတော်ပင်ပန်းနေပြီမှန်းညွန်ပြနေသကဲ့သို့။

" လာပါအုံး မယ်တော့်ဆီကို ဖက်ပါရစေအုံး "

နွေးထွေးကမ်းလင့်ကြိုနေသော ရင်ခွင်ထဲသို့ဝမ်ရိပေါ်ခိုဝင်လိုက်မိသည်။မိမိမှာမင်းကြီးတစ်ပါးဖြစ်၍သာ ခံစားချက်များကိုမျိုသိပ်ကာတင်းခံခဲ့သော်လည်း မိဘများ၏
ရှေ့တွင်တော့ကလေးလေးတစ်ယောက်ကဲ့သို့ရင်ဖွင့်ကာ ငိုချပစ်လိုက်ချင်သည်။

Infinity ( Complete )Where stories live. Discover now