Zawgyi
"ဖြောင်း. ဖြောင်း..ဖြောင်း.."" ကိုယ်တော့်ညီတော်လေးကတစ်ကယ်တော်တာဘဲ "
" ကောကောနဲ့တူလို့ ဟီး "
နန်းတွင်းစစ်ရေးလေ့ကျင့်ကွင်းတွင် ဘုရင်မင်းမြတ်နှင့်အတူ ကြင်ယာတော်ရှောင်းနှင့် မိဖုရားယွဲ့တို့အပါအဝင်အိမ်ရှေ့စံလေး၏အရည်အချင်းတို့အားအကဲခတ်နေလေသည်။အိမ်ရှေ့စံမှာ အရည်အချင်းရှိသူဖြစ်သည်။တစ်ခဏအတွင်း၌ပင် တပ်သားတစ်ယောက်အားအလဲထိုးနိုင်ခဲ့သည်။ထို့ကြောင့်ဝမ်ရိပေါ်တစ်ယောက်ချီးကျူးစကားဆိုမိလေတော့အပြစ်ကင်းစင်စွာရယ်ပြလာသော ကောင်လေးမှာ ကလေးသဖွယ်။တစ်ကိုယ်လုံးချွေးများနှင့်စိုရွှဲနေသည့်တိုင် မရပ်မနားဝမ်ကျားလုံမှာကြိုးကြိုးစားစားသင်ယူလေသည်။ဆယ်ကျော်သက်အရွယ်လူငယ်လေးတစ်ယောက်ဖြစ်သည့်အလျောက် အမောအပန်းခံနိုင်ကာ သင်လွယ်တတ်လွယ်သည်။မနက်ကတည်းကလေ့ကျင့်နေသည်မှာ မွန်းတည့်ချိန်ပင်ရောက်လုနီးပါးရှိနေလေပြီ။နေမြင့်လာသည်နှင့်အမျှပူအိုက်လာသည်။
ရှောင်ကျန့်လည်းမနက်ကတည်းကထိုင်ကြည့်နေရသည့်အတွက် ညောင်းလာကာ ပူအိုက်လာလေသည်။ထို့ကြောင့်သူ့လက်ကလေးနှင့်ယပ်ခတ်မိလေတော့ရုတ်တရက်သူ့ဘေးမှအေးမြမှုကိုခံစားမိ၍လှည့်ကြည့်လိုက်တော့ နှစ်ယောက်မရှိသောရှင်ဘုရင်ဝမ်ရိပေါ်ပါလေ ။ရှောင်ကျန့်မျက်နှာလေးအားလေတစ်ဖူးဖူးမှုတ်ကာ အင်္ကျီစနှင့်ချွေးများသုတ်ပေးနေပြန်သည်။ချွေးအနည်းငယ်ပြန်နေသောရှင်ဘုရင်မျက်နှာတော်မှာ အပြုံးတို့ချိတ်ဆွဲထားတာ မြတ်နိုးခြင်းအတိမျက်ဝန်းများနှင့်ကြင်ယာတော်လေးအားကြည့်နေလေသည်။ထိုအခိုက်အတန့်လေးမှာရှောင်ကျန့်မေ့မျောကာကြည်နူးမိသော်လည်း နံဘေးမှမိဖုရားယွဲ့အားသတိရမိလိုက်သောအားနာစိတ်တို့ဝင်လာပြန်သည်။
" ရိပေါ် "
ဟန့်တားသယောင်အသံနှင့် ဝမ်ရိပေါ်၏လက်အားကိုင်လိုက်တော့
" ဘာဖြစ်လို့လဲဟင် ရှစ်စွင်း "
" ဟိုဟာ ငါကရပါတယ် ချင်းအာကိုဂရုစိုက်ပေးလိုက်အုံး "
YOU ARE READING
Infinity ( Complete )
Historical Fictionနှလုံးသားတံခါးအား ဆူးအထပ်ထပ်ရစ်ကာပတ်လို့ လှောင်ပိတ်ထားသော် အဘယ်သူမှာပို၍နာကျင်ရအံ့နည်း နှလုံးသားတံခါးအား ဆူးအထပ်ထပ်ရစ်ကာပတ်လို့ လှောင်ပိတ်ထားသော်အဘယ်သူမှာပို၍နာကျင်ရအံ့နည်း Yizhan History