Uni:
🐰ကျွန်တော့်ရဲ့အဆိုးလေး🐰
❣️အပိုင်း ၁❣️
"ဒေါက်!! ဒေါက်!! "
တံခါးခေါက်သံကြောင့် Xiao Zhan အံ့သြမိ၏။ ပုံမှန်ဆို သူနေထိုင်တဲ့ အခန်းဆီမည်သူမျှလာလေ့မရှိ။ ခေါင်မိုးထပ်ဖြစ်တာကတစ်ကြောင်း သည်တိုက်မှာသူနဲ့ရင်နှီးတဲ့သူမရှိတာလဲပါ၏။ သူဆံပင်အခြောက်ခံနေတာကိုရပ်ပြီး တံခါးသွားဖွင့်လိုက်သည်။
"ဘာကိစ္စရှိလို့လဲ "
"သဲလေး ကိုယ်သဲလေးကိုအရမ်းလွမ်းနေတာ သိလား အေ့ "
အရပ်ရှည်ရှည်ထောင်ထောင်မောင်းမောင်းနဲ့လူရည်သန့်လေးဖြစ်တဲ့ကောင်လေးက Xiao Zhanကို လက်ညိုးလေးကွေးကွေးကောက်ကောက်ထိုးကာ ကိုယ်မထိန်းနိုင်ပဲယိမ်းယိုင်နေ၏။
ကြည့်ရတာ ထိုကောင်လေး အရက်မူးနေပုံပေါ်၏။ စိတ်ဆတ်တတ်တဲ့သူက ထိုကောင်လေးစကားကို အရေးမလုပ်တော့ဘဲ တဲခါးပိတ်ဖို့ကြိုးစားပေမယ့် ထိုကောင်လေးက အခန်းထဲဇွတ်ဝင်လာပြီး သူရဲ့နှုတ်ခမ်းလေးကိုဆွဲနမ်းလိုက်လေသည်။
တွန်းထုတ်နေတဲ့သူ့ရဲ့လက်တွေကိုလဲ နံရံနဲ့ဖိကပ်ထားသည်။ ထို့နောက် သူ့ပုခုံးကိုကိုင်ကာ အိပ်ယာပေါ်ပစ်လှဲလိုက်ခြင်းခံလိုက်ရသည်။
"မင်းဘယ်သူလဲ တဏုာရူးကောင် အွန့် "
xiao zhanသူ့ရဲ့ကိုယ်လေးကိုဖိထားတဲ့ ထိုကောင်လေးကို အားကုန်တွန်းထုတ်ရင်း သူ့လက်ကလွတ်ဖို့ကြိုးစားလေသည်။
"ဘုတ်!! အာ့!!"
ကံကောင်းစွာနဲ့ပဲ Xiao Zhan ကြမ်းပြင်ပေါ်ထိုင်ကျသွားကာ ထိုကောင်လေးရဲ့အနမ်းတွေကလွတ်သွားရ၏။
"ဟူး တော်ပါသေးရဲ့ ဒီကောင်ကြောင့် ငါ့ဘဝပျက်တော့မလို့ပဲ "
သူငြီးငြူရင်း မတ်တပ်ထရပ်ကာ ထိုကောင်လေးကို လှည့်ကြည့်တော့ ကိုယ်ပေါ်မှာအဝတ်ဗလာနဲ့အိပ်နေသည်မို့သူလန့်သွားလေသည်။
"အား!!"
သူမျက်စိစုံမှိတ်အော်ကာ နှာခေါင်းသွေးတွေထွက်ကျလာပြီး စောင်ကိုဆွဲပြီး ထိုကောင်လေးကိုခြုံပေးလိုက်သည်။