Uni:
❣️အပိုင်း ၂❣️
"ဟမ်! မေမေတို့ဖိုးဖိုးအိမ်ရောက်နေတယ်ဟုပ်လား မဖြစ်ဘူး! ကျွန်တော်အခုလိုက်လာမှဖြစ်တော့မယ် "
ဝမ်ရိပေါ်တို့တို့အိမ်ကို အလောတကြီး ရှောင်ကျန့်အပြေးရောက်လာခဲ့သည်။
ဧည့်ခန်းထဲ ဖိုးဖိုးနဲ့ ရှောင်ကျန့်ရဲ့ပါးနဲ့မားပြီးတော့ဝမ်ရိပေါ်ရဲ့ပါးနဲ့မားအားလုံးလူစုံတက်စုံဖြစ်နေကြသည်။
"မား!!"
"ဟော ငါ့သားငပျင်းလေး ရောက်လာပြီ "
"မားသားကိုအရှက်ခွဲနေတာလား ဟင်!"
ရှောင်ကျန့်မျက်နှာရှုံ့မဲ့မဲ့ကြီးလုပ်နေသည်မို့ ဝမ်ရိပေါ်တစ်ယောက်ရယ်ချင်နေသည်ကိုအောင့်ထားရသည်။
"မြေးလေး လာထိုင်လေ မြေးလေးရဲ့ဘေးမှာနေရာလွတ်နေတယ် အဲမှာထိုင်လိုက် "
ဖိုးဖိုးကို ရှောင်ကျန့်လေးစားသလိုရိုသေသည်။ ထို့ကြောင့် ပြောတဲ့အတိုင်းဝမ်ရိပေါ်ရဲ့ဘေး ဝင်ထိုင်လိုက်သည်။
"မြေးလေးတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ ဖိုးဖိုးတို့တိုင်ပင်နေကြတာကွဲ့ "
"ဟင်! ဖိုးဖိုး တကယ်တော့ သူနဲ့သားနဲ့ကဘာမှမဖြစ်ခဲ့ပါဘူး သားတို့လက်မထပ်ပါရစေနဲ့နော် "
သူ အမှန်အတိုင်းပြောနေပေမယ့်လဲ ဖိုးဖိုးကမယုံပေ။
"ဝမ်ရိပေါ်!!"
"ဗျာ!!"
"မင်းရဲ့အကြံမလား ဟမ်! မင်း မြေးလေးကို တာဝန်မယူချင်လို့ လိမ်ခိုင်းတာမလား ပြောလေ "
ဝမ်ရိပေါ်ဘလိုင်းကြီး ဖိုးဖိုးအဟောက်ခံနေရပြီ။ တကယ်ဆို သူလဲအဲ့နေ့ညကကိစ္စတွေကို မမှတ်မိခဲ့သည်မို့ သူအမှန်ပြောနေတာလား လိမ်နေတာလား မသဲကွဲ။
"ဖိုးဖိုး မဟုပ်ပါဘူး ကျွန်တော်သူ့ကိုဘာမှမပြောခဲ့ပါဘူး မင်းပြောလေ "
ရှောင်ကျန့်ကိုပါ ကူပြောဖို့ လက်တို့လိုက်သည်။
"ဟုပ်ပါတယ် ဖိုးဖိုး သူဘာမှမခိုင်းပါဘူး ကျွန်
တော်ပြောနေတာတွေက အမှန်တွေပါ "
