"မြေးလေးတို့ ဘယ်တော့ကလေးယူမှာလဲ "
"အဟွတ်! အဟွတ်!!"
ဝမ်ရိပေါ် အဖိုးရဲ့စကားကြောင့် စားနေရင်းထမင်းသီးသွားသည်မို့ ရေအမြန်သောက်လိုက်ရသည်။
(မှတ်ချက် - ရှောင်းကမွေးရာပါသားအိမ်ပါတာပါနော် သူတို့ယူတုန်းကရှောင်းမိဘတွေကပြောပြထားတာပါနော်အာ့ထည့်ရေးမထားလို့ပါ)
"ဖိုးဖိုး အခုလိုအချိန်မှာအဲလိုပြောတာ မကောင်းဘူးထင်တယ် "
ဝမ်ရိပေါ်တစ်ယောက်တည်းသာ ရှက်သလိုမလုံမလဲဖြစ်နေပေမယ့်ရှောင်ကျန့်ကတော့
မတုန်မလှုပ်။ ဝမ်ရိပေါ်ရဲ့အဖြေကိုလဲ မိဘ
တွေကမျှော်လင့်စောင့်ဆိုင်းနေသည်။"ဘာမကောင်းတာရှိလို့လဲ ဖိုးဖိုးမြေးချီချင်နေပြီကွ "
"အမ်! အာ.... ကျွန်တော်ကြိုးစားပါ့မယ် "
ဝမ်ရိပေါ်ရဲ့အပြောကြောင့် အားလုံးပြုံးစိစိဖြစ်သွားသည်။ သူပြောပြီးကာမှရှက်အမ်းအမ်းဖြစ်သွားရပြန်သည်။ ရှောင်ကျန့်ကတော့ထမင်းပန်းကန်ထဲခေါင်းဝင်တော့မတတ် ရှက်လွန်းလို့ ခေါင်းငုံ့ထားသည်။
"ညှပ်စိ!! လာ!!"
ထမင်းစားပြီးပြီးချင်း ရှောင်ကျန့်ရဲ့အင်္ကျီဂုတ်စကိုဆုတ်ကိုင်ကာ ခြံထဲသို့ဆွဲလာခဲ့သည်။
"ခင်များဘယ်လိုဖြစ်နေတာလဲ "
သူအော်ငေါက်ပြီး ဝမ်ရိပေါ်လက်ကိုရုန်းခါလွှတ်ကာ ခုံတန်းပေါ်ခြေစောင့်ပြီး သွားထိုင်နေလေသည်။ဝမ်ရိပေါ်လည်း
သူ့ဘေးနားဝင်ထိုင်ကာ ကောင်းကင်ကိုမော့ကြည့်နေသည်။"ရှောင်ကျန့် ကြည့်စမ်း ကောင်းကင်က ကြယ်တွေနဲ့ပြည့်နေတာပဲ "
"ခင်များဒီကိုခေါ်လာတာ ကောင်းကင်ကိုကြည့်ဖို့လား "
"မဟုပ်ပါဘူး အထဲမှာအဖိုးတို့နဲ့စကားပြောရင် မလွတ်လပ်တို့ ငါတစ်ယောက်ထဲဆိုလဲပျင်းဖို့ကောင်းတယ်လေ မင်းနဲ့ဆိုတော့အဖော်ရတာပေါ့ "
"ကျွန်တော်ကခင်များရဲ့အပျင်းပြေအဖော်မဟုပ်ဘူး ဝမ်ရိပေါ်"
သူထသွားဖို့လုပ်ပေမယ့် အင်္ကျီဂုတ်စကိုတစ်ဖန်ဆွဲထားသည့်ရိပေါ်ကြောင့် ခုံပေါ်ပြန်ထိုင်ကျသွားသည်။
