Part 9လေနုအေးအေးလေးတွေတိုက်ခတ်နေတဲ့ ပင်လယ်နားတစ်ဝိုက် ရှောင်ကျန့်
တစ်ယောက် ညရဲ့အလှကိုတစ်ဝကြီးခံစားနေသည်။ထိုအချိန် အတွေးထဲဝင်ရောက်နှောင့်ယှက်လာတဲ့ ဝမ်ရိပေါ်ကို အော်ဟစ်ဆဲဆိုချင်စိတ်ပေါက်လာသည်။"အရူးကောင်! ဘာလို့ငါ့အာရုံထဲ ပေါ်လာပြန်ရတာလဲ တဏုာရူး နာဘူး....."
ဝမ်ရိပေါ်ကို ဆဲနည်းပေါင်းစုံနဲ့ ပင်လယ်ကိုမျက်နှာမူလျက် အားကုန်အော်ဟစ်နေသည့် ရှောင်ကျန့်။
"ဟပ်ချိုး!! ဟပ်ချိုး!!..ငါ့အကြောင်းဘယ်သူတွေပြောနေပါလိမ့် ဟပ်ချိုး!!.."
ဝမ်ရိပေါ် အဆက်မပြတ်နှာချေနေတော့သည်။
ရှောင်ကျန့် ဆဲဆိုလို့မောသွားကာမှ လေကိုဝအောင်ပြန်ရှုလေတော့သည်။
"မင်း ဆဲလို့ဝပြီလား?"
"ဟမ်! ဆရာ!!"
သူ တစ်ယောက်ထဲရှိသည်အထင်နဲ့ စိတ်ထဲရှိသလို ကြိုက်သလောက်ပြောဆိုနေခဲ့သည်မို့ ဆရာဝမ်ချောင်ကြားသွားသည်မှန်း သိတော့ ခေါင်းလေးငုံ့သွားရသည်။
"မင်းဒီလောက်ပေါက်ကွဲနေတာဆိုတော့ အဲဒီလူက မင်းအတွက်အရေးကြီးတဲ့သူပဲ ဖြစ်ရမယ် စိတ်မကောင်းမဖြစ်ပါနဲ့ ငါမကြားခဲ့ဘူးလို့ သဘောထားလိုက်ပါ့မယ် "
သူ့ရဲ့ ခေါင်းလေးကိုပုတ်ကာ ဝမ်ချောင်ကြိုးစားပြုံးပြလေသည်။ ရင်ထဲမှာ သူ့ကိုချစ်နေခဲ့ပေမယ့် မဖြစ်နိုင်မှန်းသိနေခဲ့သည်လေ။
"ဆရာ လူတစ်ယောက်ကိုချစ်ရင် ဘယ်လိုနေလဲဟင် "
"မင်းချစ်တဲ့လူတွေ့နေပြီလား "
"......"
သူ အသံတိတ်သွားသည်။တစ်ခါမှမချစ်ဖူးတဲ့သူမို့ အတွေ့အကြုံမရှိသူဟူ၍လဲ ပြောရပေမည်။ သို့ပေမယ့် သူသဘောကျတဲ့သူကိုတော့ ရင်ထဲမှမြိုသိပ်ထားချင်သေးသည်။"မင်းချစ်တဲ့သူနဲ့တွေ့ရင် ရင်ခုန်တယ် စိတ်လှုပ်ရှားတယ် မင်းသူ့အနားမှာနေရရင်အလိုလိုပျော်နေမိတာပေါ့ "
"အော် "
"ညက်နက်နေပြီ မင်းအနားယူတော့လေ "
![](https://img.wattpad.com/cover/296272858-288-k487074.jpg)