Part 10

886 53 6
                                    

Unicode:

ကမ်းခြေကပြန်ရောက်ရောက်ချင်း ရှောင်ကျန့် အိပ်ယာပေါ်သာ ပစ်လှဲအိပ်လေတော့သည်။ ကားစီးရတာ ပင်ပန်းသည့် သူက တစ်လမ်းလုံးအိပ်လာသော်လည်း အိပ်ရေးမဝသေးပေ။

"ရှောင်ကျန့်! ညှပ်စိရေ!! အဆိုးလေး"

ဝမ်ရိပေါ်သူ့ကိုလှုပ်နိုးသော်လည်းမရပေ။ မျက်နှာကိုခေါင်းအုံးနဲ့အပ်ကာ လက်ကမနိုးဖို့အချက်ပြနေသည့်သူ့ကို ဝမ်ရိပေါ်မနှောင့်ယှက်တော့ပေ။

ဝမ်ရိပေါ် ရှော့ပင်းထွက်ရင်း ရှောင်ကျန့်
ရဲ့လက်ကလေးကိုင်ကာလမ်းလျှောက်ချင်ပေမယ့် သူကအငြိမ်မနေဘဲ သူ့အနားလာကပ်လိုက် တခြားဆိုင်အနားကပ်သွားလိုက်နဲ့ လုံးဝဂနာမငြိမ်ပေ။

"ဟဲ့ ဟိုမှာကြည့်ပါအုံး အရပ်ရှည်ရှည်လေးနဲ့ကောင်လေးကချောလိုက်တာ"

ဝမ်ရိပေါ်ကိုမြင်ပြီး ခပ်လှမ်းလှမ်းတစ်နေရာက မိန်းမငယ်လေးနှစ်ယောက်ကချီးကျူးနေကြသည်ကို ရှောင်ကျန့်ကြားနေရသည်။ ဘာလားဟ။ သူ့ဘေးနားကငါ့ကိုဘယ်နားသွားထားတာလဲ။ သူတွေးနေတုန်းမကြာလိုက် ထိုမိန်းကလေးတွေဆီကအသံထပ်ကြားပြန်သည်။

"သူ့ဘေးကကောင်လေးက သူ့ညီလေးများလား "

"သူ့တူဖြစ်နိုင်တယ်ဟ ကောင်လေးကလဲ ပုပုလေးနဲ့ချစ်စရာလေး ငါမောင်လေးတော်ချင်လိုက်တာ "

"နင်ကမောင်လေးတော်ချင်တာ ငါကသူ့အကိုကိုယူချင်တာ ခစ်ခစ် "

ထိုမိန်းကလေးတွေကို ရှောင်ကျန့်လှည့်မကြည့်ပေမယ့် ဝမ်ရိပေါ်ကို သူရဲ့ယောက်ျားမှန်းသိအောင် သက်သေပြချင်မိသည်။ ဝမ်ရိပေါ်
ရဲ့လက်မောင်းကိုချိတ်ကာ ချွှဲနွဲ့ပြလေသည်။

"ယောက်ျား! ဟိုဘက်ဆိုင်ကိုသွားကြရအောင်နော် "

သူ အသံအကျယ်ကြီးနဲ့ ထိုမိန်းကလေးတွေကြားအောင် အော်ပြောလိုက်သည်။

"ဟယ် ဟိုကောင်လေးနဲ့အချောလေးက လင်လင်တွေပဲ ဟင် ငါနှမျောလိုက်တာအေ "

ချက်ချင်းပုံစံပြောင်းသွားတဲ့ရှောင်ကျန့်
ကို ဝမ်ရိပေါ်အံ့သြနေသည်။ထို့နောက် သူက လက်မောင်းကိုပြန်လွှတ်ကာ ခပ်တည်တည်ကြီးနဲ့လက်ပိုက်ရပ်နေပြန်သည်။ သူ့မျက်နှာက တစ်ခုခုကိုဘဝင်မကျသလို။

ကျွန်တော့်ရဲ့အဆိုးလေးWhere stories live. Discover now