Part 3

858 70 5
                                    

❣️အပိုင်း ၃❣️

"ဟာ! မင်း မင်းငါ့အခန်းထဲဘာဝင်လုပ်နေတာလဲ "

ရှောင်ကျန့်ခပ်တည်တည်ပဲ အဝတ်အစားတွေကို ဗီဒီရိုထဲထည့်နေရင်း ရိပေါ်ကို ပြန်မကြည့်ပေ။

"ဖိုးဖိုးက ခင်များနဲ့ကျွန်တော့်ကိုတစ်ခန်းထဲနေခိုင်းတယ်လေ "

"ဖိုးဖိုးပြောတိုင်း မင်းလိုက်လုပ်စရာလား "

"ခင်များကရော ဖိုးဖိုးစကားကို တော်လှန်ရဲလို့လားကျွန်တော်လည်းခင်များနဲ့တစ်ခန်းထဲမနေချင်ပါဘူး "

ရှောင်ကျန့်အဝတ်အစားတွေသေချာထည့်ပြီး အိပ်ယာပေါ် လှဲအိပ်လိုက်သည်။

"ဟေး မင်းအဲလိုအိပ်လို့မရဘူးလေ ငါကဘယ်လိုအိပ်ရမှာလဲ "

"အိပ်ချင်တဲ့နေရာအိပ်ပေါ့ "

"အေး ရတယ်လေ "

ရိပေါ် လည်းရှောင်ကျန့်နဲ့ ကျောခိုင်းကာ ဝင်လှဲအိပ်လိုက်သည်။ ရှောင်ကျန့်ခန္ဓာကိုယ်လေး လှုပ်ရွလာပြီး...။

"ဘုတ်!! အာ့!!"

ဝမ်ရိပေါ်တစ်ယောက် ခြေထောက်နဲ့ကန်ချခြင်းခံလိုက်ရသည်။ ကြမ်းပြင်ပေါ်ကနေ တင်ပါးလေးပွတ်ပြီး ရှောင်ကျန့်ကိုပြန်ကြည့်တော့ အိပ်မောကျနေလေပြီ။

"တောက်! မင်းငါ့ကိုကန်တယ်ပေါ့လေ "

အိပ်ယာပေါ် ခြေကားယားလက်ကားယားမှောက်ခုံအိပ်ပျော်နေတဲ့ရှောင်ကျန့် ကြောင့်
ရိပေါ်အိပ်ဖို့နေရာမရှိတော့။

"ဟေးး ထအုံး ဟေး ငါခေါ်နေတယ်လေ "

သူ့ရဲ့လက်ကိုဆွဲကိုင်လိုက်သည်နဲ့ ဗြပ်ခနဲ သူ့ရဲ့ပါးကိုရိုက်ခံလိုက်ရပြန်၏။

"အား!! ဒီဟာလေး တော်တော်အားရှိတာပဲ စွမ်းအားရှင် ဒိုဘုံးဆွန်းနဲ့နင်လားငါလားပဲ ဟူး ဒီလိုပုံနဲ့ ငါဘယ်လိုအိပ်ရတော့မှာလဲ "

သူ့ခြေထောက်နဲ့ဖိထားသည်မို့ စောင်လဲဆွဲယူမရ ခေါင်းအုံးလဲ သူပဲအပိုင်ဦးထားသည်မို့
ဝမ်ရိပေါ်ဆိုဖာပေါ်မှာပဲ ကွေးကွေးလေးအိပ်လိုက်ရတော့သည်။

______*________

မိတ်ကပ်နည်းနည်းပါးပါးပြင်ဆင်ကာ အဖြူရောင်သတိုးသားအင်္ကျီလေးလဲဝတ်လိုက်သည်။

ကျွန်တော့်ရဲ့အဆိုးလေးWhere stories live. Discover now