"မြေးလေးတို့နှစ်ယောက် ညစာလာမစားကြဘူးလား "
ဝမ်ဖိုးဖိုးက ညစာစားပွဲဝိုင်းထဲ ဝင်ထိုင်ကာ ဝမ်မား ကိုမေးလိုက်သည်။
"မစားတော့ဘူးတဲ့ နှစ်ယောက်စလုံးဗိုက်မဆာဘူးတဲ့လေ "
"ဘာတွေများစားထားလို့ပါလိမ့်"
"နှစ်ယောက်သား အချစ်တွေနဲ့ဗိုက်ပြည့်နေမှာပေါ့ ပါးရဲ့ "
ဝမ်ပါးစကားကြောင့် အားလုံးရယ်မောသွား
ကြသည်။ဝမ်ရိပေါ်ကတော့ အိပ်ယာပေါ် ကျကျနနထိုင်ရင်း ဖုန်းတစ်လုံးနဲ့ ဂိမ်းဆော့နေလေသည်။
ရှောင်ကျန့်ရေချိုးခန်းထဲကထွက်လာတော့ စိတ်ဝင်တစားကြည့်နေတဲ့ ရိပေါ်ရဲ့ဖုန်းအနား မယောင်မလည်ကဲကြည့်လိုက်သည်။ ဖုန်းထဲက ဂိမ်းက သူသဘောကျတဲ့ဂိမ်း။"ဟာ! မြန်မြန် မြန်မြန်နှိပ် NPCကိုနှိပ် နှိပ်"
သူအသံကုန်အော်ရင်း လက်တစ်ဖက်ကအားပါပြီး ရိပေါ်ဖုန်းကိုကိုင်ထားလေသည်။
"မင်းခေါင်းကြီးကကွယ်ထားတော့ ငါဘယ်လိုမြင်ရတော့မှာလဲ "
"အော်!"
သူအော် တစ်လုံးထဲ ပြောကာ ပါးစပ်အဟောင်းသားဖြစ်ကျန်ခဲ့ရသည်။
"အား! ရှုံးပြီ သွားပြီကွာ ဒီတစ်ပွဲလဲနိုင်မယ်ထားတာ ဟူး"
ဝမ်ရိပေါ်စိတ်ပျက်လက်ပျက် ဖုန်းကိုအိပ်ယာပေါ် ပစ်ချလိုက်လေသည်။ ထို့နောက်ရှောင်ကျန့်ကို သတိရသွားသည်။
"ညှပ်စိ! မင်းဂိမ်းဆော့တတ်တယ်မလား ငါနဲ့အတူတူဆော့ရအောင်လေ "
"တကယ်လား "
ရှောင်ကျန့်စိတ်ပါလက်ပါနဲ့တက်ကြွသွားသည်မို့ ဝမ်ရိပေါ်အံ့သြသွားသည်။ ဘယ်အချိန်ကထဲက ဆော့ချင်နေတာလဲမသိဘူး။ လန်းဆန်းတက်ကြွနေတာပဲ။
"ဟေး! ညှပ်စိ! ငါ့ကိုကယ်အုံး ငါသေတော့မယ်! ညှပ်စိ!!"
"ဟာ အဲလောက်မအော်နဲ့လေ နားစည်ကွဲထွက်တော့မယ် "
"ဟေး လုပ်အုံး ငါ့ကိုဝိုင်းသတ်နေပြီ ကူအုံးဟ ညှပ်စိ ကယ်အုံး ကယ်အုံးလေ"
