Part7
"ကိုကို ကျွန်တော့်ကိုကယ်ပါအုံး ကိုကိုကျွန်တော့်ကိုကယ်ပါအုံး "
ရှောင်ကျန့်ရဲ့ လက်ကိုလှုပ်ခါကာ အကူအညီတောင်းနေသည့် ကလေးငယ်လေးရဲ့မျက်နှာမှာ ညိုမဲစွဲနေတဲ့ဒဏ်ရာတွေရှိနေသည်။ခပ်တိုတိုဆံပင်လေးတွေလဲ ရှုပ်ပွနေသလို ဝတ်ထားသည့်တီရှုပ်အဖြူလေးကလဲ ညစ်ပတ်ပေရေနေလေသည်။
" ကျွန်တော့်နောက်ကို လူဆိုးတွေလိုက်နေလို့ပါ သူတို့တောင်းတဲ့ငွေမပေးလို့ ကျွန်တော့်ကိုလိုက်ရိုက်နေလို့ ကူညီပါအုံး ကိုကို "
"ညီလေး ဘာမှမကြောက်နဲ့နော် ကိုကိုရှိတယ် ဟုပ်ပြီလား "
လောလောဆယ် ကလေးငယ်ကိုကြောက်စိတ်ပြေပျောက်အောင် ကြိုးစားရမည်။ နောက်ကလိုက်လာတဲ့လူဆိုးတွေပေါ်မလာခင် ရှောင်ပုန်းဖို့နေရာရှာကြည့်ရသည်။
"ဟေး ခွေးကောင်လေး ဘယ်ပြေးမလို့လဲ ဟမ်!!"
ဗိုက်ပူပူကြီးနဲ့ဝဝဖိုင့်ဖိုင့် လူနှစ်ယောက်က ခြေလှမ်းကျယ်ကြီးတွေနဲ့ သူတို့အနားလျှောက်လာသည်။ ကလေးငယ်မှာ ကြောက်လွန်းလို့ သူ့ရဲ့ခါးကိုကျစ်ကျစ်ပါအောင်ဖက်ထားလေသည်။
"ခင်များတို့ဘယ်သူတွေလဲ "
"ဟားဟား ကောင်လေး မင်းကိစ္စမဟုပ်ရင် ဖယ်နေလိုက် မင်းပါအစစ်ပါချင်လို့လား ဟမ်!"
"ကလေးကို နှိပ်စက်ညှင်းပန်းပြီး ငွေညှစ်နေတဲ့ ခင်များတို့လိုလူတွေကို ရှောင်သွားရလောက်တဲ့အထိ ကျွန်တော်မကြောက်တတ်ဘူး "
"ဟားဟား သေးသေးလေးကလဲလာသားပဲ မင်းက အရမ်းပါချင်တယ်ဆိုတော့လဲ မင်းကိုပါခေါ်သွားရမှာပေါ့ကွာ လာ "
ရှောင်ကျန့်သူ့ရဲ့လက်ကိုဆွဲကိုင်ဖို့လုပ်တဲ့ ထိုလူရဲ့လက်ကို လိမ်ချိုးကာ ဗိုက်ကိုကန်လိုက်သည်နဲ့ မြေပြင်ကိုလဲကျသွားလေသည်။ နောက်တစ်ယောက်ကလဲ သူ့ကိုရိုက်ဖို့ကြိုးစားသည်မို့ လက်နဲ့ကာရင်း ရင်ဘတ်ကိုလက်သီးနဲ့စိတ်ရှိလက်ရှိထိုးပြီးမျက်နှာကို ခုန်ကန်လိုက်လေသည်။
"အား!! ဒီကောင်လေးက မလွယ်ဘူး အမြန်ပြေးမှ ဟျောင့် ထထ"
"ဖြေးဖြေး ငါလက်နာတယ်ကွ "
