Uni:သစ်ရွက်ခြောက်လေးတွေက မြေပြင်ထက်ပြန့်ကျဲနေသည်။ထို့အတူ ရိပေါ်ရဲ့ ဂျိုင်းထောက်သံလဲ တဒေါက်ဒေါက်န။ သူ့ရဲ့နှုတ်မှလဲ ရှောင်ကျန့်နာမည်ပြောင်ကို အဆက်မပြတ်ခေါ်ကာ ညီးညူနေသည်။
"ညှပ်စိ! ညှပ်စိ! မင်းဘာလို့အဲလောက်သေးပြီးပုနေရတာလဲ "
ဝမ်ရိပေါ်ရဲ့ချိုင်းအောက်ကနေ မျက်စောင်းနဲ့ မော့ကြည်လာသည့် ရှောင်ကျန့်က မကျေနပ်ချက်တွေအပြည့်။
"ငယ်ငယ်က ခင်များလိုအစားမကြီးခဲ့လို့
သေးပြီးပုတာနေမှာပေါ့ ""ဟားဟား မင်းကဟာသလဲပြောတတ်တာပဲ မင်းအရမ်းပုနေတော့ ငါအားပြုပြီးလျှောက်ရတာ အဆင်မပြေဘူး "
"ဘာလဲ ကျွန်တော်ကရှည်ပေးရမှာလား "
"အေးလေ"
ရှောင်ကျန့်က မကျေနပ်ချက်နဲ့ရိပေါ်ရဲ့ မကျိုးတဲ့ခြေခုံကို စောင့်နင်းလိုက်သည်။
"အာ့!!"
ဝမ်ရိပေါ် ခြေထောက်နာလို့မြှောက်လိုက်ရာမှ တစ်ဖက်ကခြေထောက်ကိုအားပြုမိ၍ မြေပြင်ပေါ်လဲကျသွားလေသည်။ ငါ့ခေါင်းကွဲသွားပြီလား။ နေပါဦး ဘာလို့ ငါ့ကိုယ်ပေါ်က တစ်ခုခုဖိထားသလို ခံစားနေရတာလဲ။
ဝမ်ရိပေါ်မျက်လုံးတစ်ဖက်ဖွင့်ကြည့်တော့
သူနဲ့အတူလဲကျလာတဲ့ရှောင်ကျန့်က
ကြောင်အမ်းအမ်းနဲ့ပြူးကြည့်နေသည်။"မင်းငါ့ကိုဖိထားတယ် ဖယ်ပေးအုံးလေ "
"အော!!"
ဝမ်ရိပေါ်ရဲ့ရင်ဘတ်ကိုလက်နဲ့ဖိပြီး ပြန်မတ်တပ်ရပ်လိုက်လေသည်။ ဝမ်ရိပေါ်သူ့ ရင်ဘတ်လေးကို လက်နဲ့ပွတ်ပြီး ပြန်ထိုင်ကာ ကျောက်ရုပ်လိုရပ်နေသည့် ရှောင်ကျန်ကို မော့ကြည့်လိုက်သည်။
"မင်းငါ့ကို အရမ်းနှိပ်စက်တာပဲ ခြေထောက်ကိုလဲ တက်နင်းတယ် ငါ့ဦးနှောက်မပျက်သွားလို့တော်သေး အခုလဲရင်ဘတ်ကိုအားကြီးနဲ့ဖိလိုက်တာ အသက်ရှုတောင်ကျပ်တယ် "
ဝမ်ရိပေါ်စကားတွေအဆက်မပြတ်ပြောနေပေမယ့် ရှောင်ကျန့်ကတော့ငြိမ်နေသည်။
သူဘာကြောင့် ပြန်မပြောတာလဲ မသိပေမယ့် မျက်နှာလေးနီရဲနေသည်ကိုတော့ ရိပေါ်သတိထားမိလိုက်သည်။
