Part 8"ရှောင်ကျန့်ငါ့အထုပ်တွေပါ ကူသယ်ပေးအုံး "
"ဟ! ကိုယ့်ဘာသာသယ်ပါလား "
ရှောင်ကျန့်လက်ထဲ ခရီးဆောင်အိတ်ထိုးပေးခဲ့ပြီး လွယ်အိတ်ပါ ပုခုံးပေါ်ချိတ်ပေးကာ ဖုန်းတစ်လုံးနဲ့ ဓာတ်ပုံလိုက်ရိုက်နေသည့် ဝမ်ရိပေါ်။အထုပ်တွေနဲ့ပိနေသည့်ရှောင်ကျန့်မှာ
ဝမ်ရိပေါ်ကိုထုရိုက်ချင်စိတ်တွေတစ်ဖွားဖွားနဲ့။"ဟေး ရှောင်ကျန့်ဒီကိုကြည့်"
"ချပ်!!!"
သူ့ရဲ့မလှမပ အထုပ်အပိုးနဲ့ရုပ်ဆိုးနေတဲ့ပုံကို ဖျပ်ခနဲ မိမိရရရိုက်လိုက်နိုင်သည်။
"ဟာ! ပြန်ဖျက် လူယုတ်မာကြီး အခုချက်ချင်းပြန်ဖျက်ပေး "
သူ အထုပ်တွေလွှတ်ချကာ ဝမ်ရိပေါ်ဖုန်းကို အတင်းလုယူပေမယ့် လက်မြှောက်ထားသည်မို့ ဘယ်လိုမှမမှီ။ ခုန်ယူလဲမရ ။ဝမ်ရိပေါ်လက်ကိုဆွဲချလဲမရဖြစ်နေသည်။
"ပြန်ဖျက်ပေး!!"
"ဘာတွေလာပြောနေတာလဲ ညီလေး ဒါအကို့ဖုန်းနော် လုယက်မူနဲ့ရဲလက်ထဲအပ်လိုက်ရမလားဟင် "
ဝမ်ရိပေါ်ရွှတ်နောက်နောက်ပြောနေပေမယ့် သူကတော့ အာပြဲပြီး အသကုန်အော်နေသည်။
"ကောင်စုတ်ကြီး လူပါးမဝနဲ့နော် "
"ဟ! မင်းတို့လင်မယားနှစ်ယောက်က လူမြင်ကွင်းမှာချစ်ကျီစားနေကြတာလားကွ "
ဟောက်ရွှမ်းရောက်လာသည်မို့ ဝမ်ရိပေါ်ကိုတွန်းလွှတ်ကာ သူအထုပ်တွေပြန်သွားသယ်လေသည်။ ဝမ်ရိပေါ်ကစနောက်လိုက်ရ၍ ခေါင်းတငြိမ့်ငြိမ့်နဲ့ မနူးမနပ်ပုံနဲ့ သူ့ကိုလှောင်နေသေးသည်။
"ရော့! ကိုယ့်ဟာကိုသယ် "
အထုပ်ကိုပစ်ပေးလိုက်သည်မို့ အမိအရဖမ်းလိုက်ရသည့် ဝမ်ရိပေါ်။
"အာ.. ငါမေ့တော့မလို့ကွ မင်းတို့နှစ်ယောက်အတွက် အခန်းကတစ်ခန်းပဲကျန်တော့တယ် အစကနှစ်ခန်းယူထားပေးမယ့် လူအရမ်းများလာလို့ တစ်ခန်းပဲရတော့တယ် မင်းတို့နှစ်ယောက်အဆင်ပြေပါ့မလား "
