Unicode..........
မနက်ခင်းနေရောင်ခြည်လေးက
အခန်းလိုက်ကာကိုကျော်လွန်ပြီးကုတင်ပေါ်ရှိ
လူသားနှစ်ယောက်ဆီဖြန့်ကျလာသည်။"အွန်းးး"
ရင်ခွင်ထဲကလူသားလေးလူးလွန့်ပြီးနိုးလာတာကြောင့်ဝမ်ရိပေါ်လည်းနိုးလာသည်။
"ပြွတ်စ်.."
"မောနင်းပါအချစ်"
"အွန်းးမောနင်းရိပေါ်"
"ဟာအချစ်ကလည်းခုထိကိုယ့်နာမည်ခေါ်နေတုန်းလားဟင်ကိုယ့်ကိုတစ်ခြားနာမ်စားလေးဖြစ်ဖြစ်ပြောင်းခေါ်ဖို့စိတ်ကူးမရှိဘူးလားဗျာ"
"တစ်ခြားနာမ်စား..ဟုတ်လား"
မျက်လုံးထောင့်ကပ်ပြီးစဥ်းစားနေပုံလေးက
ချစ်စရာအတိဘယ်လိုနေနေချစ်ဖို့ကောင်းတဲ့
ဒီလူသားလေးကိုပိုင်ဆိုင်ခွင့်ရတာဝမ်ရိပေါ်ကံကောင်းလွန်းလှပြီ။"ကိုကို....ဟုတ်တယ်..ကိုကိုလို့ခေါ်မယ်ခင်များကိုအဟိ"
သူ့ဘာသာပြောပြီးသူ့ဘာသာသဘောကျ
နေသောပိစိပါ။"အွန်းကိုကိုကြိုက်တယ်"
"လာအချစ်ကိုယ်လက်သန့်စင်ဖို့ကိုကိုခေါ်သွားပေးမယ်"
~~~~~~~~~~~~~~~~~♥~~~~~~~~~~~~~~~~~~
"ကိုကို....နေ့လည်ဆိုထမင်းပုံမှန်စား၊အလုပ်တေအရမ်းဖိမလုပ်နဲ့
ကျွန်တော့်ကိုလည်းနေ့လည်ကျဖုန်းဆက်"အင်္ကျီကြယ်သီးတပ်ပေးရင်းပွစိပွစိနဲ့
မှာတမ်းခြွေနေသောလူသားလေးကိုဝမ်ရိပေါ်မှာအမြတ်တနိုးပြုံးပြီးကြည့်နေမိသည်။"ဟုတ်ပါပြီဗျာ....ဟောဒီကကျွန်တော်မျိုးရဲ့အိမ်သားလေးစိတ်တိုင်းကျဖြစ်စေရာမယ်ဗျာ"
"အဟိဒါမှပေါ့...လာကိုကိုမနက်စာသွားစားမယ်"
မနက်စာထမင်းဝိုင်းလေးကတော့လူစုံတက်စုံရှိလှသည်။
"ကဲလာလာသားတို့လာထိုင်"
အပေါ်ထပ်မှဆင်းလာတဲ့သားနှစ်ယောက်ကိုမြင်သည်နှင့်ဝမ်မားကလှမ်းခေါ်လိုက်သည်။
