RTS.19💫

707 84 55
                                    

Unicode.

ဘေစင်မှာ Jin တစ်ယောက်တည်း
စတော်ဘယ်ရီသီးလေးတွေကိုရေဆေးနေစဉ်
အနောက်ဘက်က လက်လေးတစ်စုံက Jin ခါးကို
လာရောက်ပွေ့ဖက်မှုကြောင့် ပြုံးလိုက်မိသည်။

အချွဲလေး။
အလကားရယ် သူစတော်ဘယ်ရီစားချင်လို့ လာချွဲနေတာ။

Kim Seokjin ဘဝကြီးဟာ
တကယ်တော့ လွယ်ကူမနေပါဘူး။
Jin ဘဝကြီးဟာ မရခင်ကသာ
ဖျာလိုလိပ် ထိပ်ပေါ်တင်ခံထားရတဲ့ဘဝကြီး။

ကြည့်ဦး။
Jin လည်း သူ့ကိုချစ်နေတာကို
သိသွားတာနဲ့ကို သူကဖဲစိတ်ကောက် သူကဖဲငို
သူကဖဲ အလိုမကျရင် လာရိုက်တတ်သေးတာ။

ဒါပေမဲ့ Jin သေချာ ပြန်စဉ်းစားကြည့်တော့လည်း
Jin အဖြစ်ဟာ မရခင်ကလည်း
ထိပ်ပေါ်တင်မခံခဲ့ရဘူးရယ်။

Jin သူ့ကို ချစ်တယ်ဆိုတာ မဝန်ခံရသေးတဲ့
Jinရဲ့ တည်တည်တင်းတင်း မျက်နှာထားနဲ့အချိန်တွေမှာကို ဒီဟာလေးက Jin ကိုနိုင်စားနေတာ။

ဂျစ်ရရင်ရ မရရင်ချွဲ
ဒါကိုမှ Jin တောင့်ခံနိုင်သေးရင်
ဒင်းလေးက ငိုတော့တာဖဲ။

ဂျစ်မရရင်ချွဲ ၊ ချွဲမရရင် ငိုဆိုတာ
Jeon Jung Kook ထုတ်သုံးတဲ့ လက်နက်တွေ။

အခုလည်း စတော်ဘယ်ရီသိပ်ကြိုက်တဲ့ကောင်လေး
မငြိုငြင်ရအောင် Jin မှာ သူ Jin အခန်းထဲသွားပြီး
Luggage ကိုနေရာချနေတုန်း သူစားဖို့ Jin စီစဉ်နေရခြင်းသာ။

" ကိုကို အာ့တာ Kookie ဖို့လားဟင် "

" ဒါ​ပေါ့ ကိုကို့ Kooငယ် အတွက် "

" ခစ် ခစ် ကိုကို့ကို သိပ်ချစ်! "

သူစားချင်တာစားရတဲ့အခါ ထွက်လာတဲ့ အသံလွင်လွင်လေးကြောင့် Jin ပြုံးလိုက်သည်။ ဒီဟာလေးဟာ ကလေးမို့ Jin ချစ်တာထက် သူကလျော့မယ်ထင်တဲ့အတွေးမျိုး Jin မှာမရှိ။ Jeon Jung Kook မို့ကို သူ Jin ကို ချစ်တာကို Jin ယုံကြည်သည်။

မင်လေးဆုံးပြီးတဲ့နောက် ကျန်တဲ့ဘဝသက်တမ်းမှာ
Jin တစ်ယောက်ထဲ လမ်းပျောက်နေခဲ့တာ။
ဒါကို ကလေးဆန်တဲ့ကလေးလေးက
ဇွတ်တရွတ်အတင်းကို Jin ဘဝထဲကို ဝင်လာခဲ့တာ။

Rewrite The Stars💫Where stories live. Discover now