RTS.23💫

701 84 86
                                    

Unicode.

ဂျပန်နိုင်ငံတိုကျိုမြို့။

ကိုရီးယားကနေ ဂျပန်ကိုသွားသည့် လေယာဉ်ချိန်ဟာ 2နာရီခွဲပင်မရှိသော်လည်း လေဆိပ်ကိုမသွားမှီလေး တစ်တီတူးထားမိ၍ ပင်ပန်းနေရှာသော ကလေးငယ်လေးကိုကြည့်ကာ Jin စိတ်မကောင်းမိ။ ခရီးသွားရမှာသိနေတာကို Jin မဆင်ခြင်မိတာ။

Kooငယ်လေးက ဂျပန်လေဆိပ်ကိုလေယာဉ်ဆိုက်ထဲကငိုက်မြည်းနေဟန်အတိုင်းသားမို့ Jin ပွေ့ချီခေါ်မည်ပြုသော်လည်း " ကိုကိုလည်းပင်ပန်းနေတာဖဲ ကူးကူးကိုမချီပါနဲ့ " ဟုဇွတ်ပြောကာ Jin လက်မောင်းကိုဆွဲပြီး ပုခုံးပေါ် ခေါင်းလေးမှီကာ မျက်လုံးလေးမှိတ်၍နေသည်မို့ ထိုအတိုင်းလေးပင် လေဆိပ်မှအတူတူထွက်လာသည့်အခါ

" Min Yoongi! "

အမဲရောင် Coat အရှည်ကိုဝတ်ဆင်ထားပြီး ဦးထုပ်အမဲဆောင်းကာ Mask အမဲရောင်တပ်ထားသည်မို့ ရုတ်တရက်မြင်လိုက်ရသူအဖို့ လူမှားနိုင်သော်လည်း မျက်စိရှေ့လေဆိပ်တွင် Jin တို့ကို လာကြိုသည့်ဟန်ဖြင့် ထိုသူဟာ Min Yoongi မှန်း Jin သေချာသိပါသည်။

မမေ့နိုင်လောက်စရာ အဖြစ်အပျက်တွေဖန်တီးခဲ့တဲ့သူ။
မပက်သက်ချင်ခဲ့သည့် ရေစက်တွေနဲ့သူ။ ဒီလူကို မြင်လိုက်ရုံနဲ့တင် Jin မှတ်မိနေခဲ့တာ ကောင်းမွန်တဲ့အမှတ်တရတွေအနေနဲ့တော့မဟုတ်။ ဆုံတွေ့ခဲ့တဲ့ဖြစ်ရပ်တွေတိုင်းမှာ ဘာများအဆင်ပြေတာရှိခဲ့ပါသလဲ။

Jin သည်လည်း ပုထုဇဉ်ဖဲမို့ Min Yoongi သာပေါ်မလာခဲ့ရင် Jin ညီလေးသေမှာမဟုတ်ဖူးဆိုပြီး တွေးမိခဲ့သည့်နေ့တွေရှိခဲ့သည်မို့ Min Yoongi ဆိုသူအား မင်လေးကို သိပ်ချစ်တဲ့သူဆိုပြီး Jin လက်ခံမိတာကသက်သက် Min Yoongi အပေါ်အစိုင်အခဲတွေ ရှိနေသေးတာကလည်းသက်သက်ပင်။

" ..... "

ယခုလည်း Jin နှင့်ကလေးငယ် နှစ်ယောက်သား Min Yoongi ရှေ့ရောက်သည်အထိ Jinရော Yoongi ရော ဘာစကားမျှမပြောဖြစ်ကြ။ မျက်လုံးချင်းသာဆုံလိုက်ပြီး Min Yoongi က ချက်ချင်းမျက်နှာလွှဲသွားကာ Jin လက်ထဲမှ Luggage ကို လာဆွဲယူပြီးနောက်

" လာကြိုတာ! "

ပျော့ပြောင်းတာလည်းမဟုတ် မာတာလည်းမဟုတ်သည့်လေသံဖြင့်မို့ Jin ခေါင်းကိုအသာလေးရမ်းလိုက်မိသည်။အပြောမချိုသော်လည်း Jin တို့ကို တမင်လာကြိုရန်စောင့်နေခဲ့မှန်း ပုံစံကြည့်တာနှင့်သိသာသည်။

Rewrite The Stars💫Tempat cerita menjadi hidup. Temukan sekarang