RTS.22💫

771 84 49
                                    

Unicode.

" Daddy ကူးကူး ဒီနေ့ည Flight နဲ့ ဂျပန်ပြန်လာမှာနော် "

" ....... "

" ဟွန့်အွင်း ဟုတ်ပါဘူး Daddy နဲ့လာနေဖို့ဟုတ်ဘူး ကူး ဂျပန်မှာရှိနေမယ်ဆိုတာကိုဖဲ Daddy ကိုလှမ်းအသိပေးတာ  ကိုကိုနဲ့ဖဲနေမှာ ကူးကူးက "

" ...... "

" Daddy ကူးဘာတွေလုပ်နေတယ်ဆိုတာကို အမြဲစုံစမ်းနေတယ်ဆိုတာကိုသိတယ် အခုကူးကူးတို့ ဂျပန်ပြန်လာခဲ့မှာကို သိနေတာကိုလည်း သိတယ် ဒါပေမဲ့ သားတစ်ယောက်အနေနဲ့ ဖုန်းဆက်ပြောပြထားတာ "

" ..... "

" ချစ်တယ်လေ Daddy ကိုလည်း ဒါပေမဲ့လေ Kookieက ကိုကို့ကို ပိုချစ်! ဟီးဟီး "

" ........ "

" ဟိုရောက်ရင် Koo ကိုလာပြန်ခေါ်မနေနဲ့ဦး ကိုကိုက သိပ်အားနာတတ်တာ Daddy ကို အားနာပြီး ကူးကို Daddy တို့နဲ့ အိမ်ပြန်ထည့်ပေးလိုက်တာတွေ ဖြစ်လာလို့ကတော့နော် Daddy နဲ့ ကူးကူးတွေ့ပြီဖဲ ကြိုပြောထားတာ "

" ..... "

တီခနဲကျသွားသောအသံနှင့်အတူ
တစ်ဖက်မှ ဖုန်းလိုင်းကျသွားတဲ့အခါ
Kookie ကို Daddy စိတ်ကောက်သွားပြီဆိုတာ
သိလိုက်ရသည်။

ဒါပေမဲ့ မပြောလို့ကလည်းမရ။
ဒီမှာက ကူးကို ချက်ကျွေးမဲ့သူလည်းမရှိ
အနားမှာဂရုစိုက်ပေးမဲ့သူလည်းမရှိလို့သာ
ကိုကိုက အိမ်မှာခေါ်ထားရတာ။
ဒါတောင် ကိုကို့အိမ်မှာ ကူးကူး အတူတူနေရဖို့
ဘယ်လောက် လူလည်ကျလိုက်ရသလဲ။

ဂျပန်ပြန်ရောက်တဲ့အခါ Daddy များ
ကူးကူးကို လွမ်းလို့ခေါ်သွားပါရစေဆိုရင်
ကူးကူးရဲ့ အားနာတတ်တဲ့ ရေခဲတုန်းကြီးက
ကူးကူးကို Daddy နောက်ပြန်ထည့်ပေးလိုက်မှာ
အသေအချာ။

ကူးကို ကိုကိုတွေ့ချင်လာသည့်အခါ Daddy အိမ်ကို လာတွေ့တာမျိုး ၊ ကိုကိုနဲ့အတူမုန့်သွားစားဖို့ လာခေါ်တာမျိုး အာ့လို သမီးရည်းစားအခြေအနေမျိုး Kookie လုံးဝမလိုချင်။

Kooနဲ့ကိုကိုက သမီးရည်းစားအနေအထားမှမဟုတ်တာ။

ချစ်သူတွေမဖြစ်ခင်က တစ်မြို့တည်းမှာနေရလျှင် ၊ ခြံချင်းကပ်လျက် အိမ်လေးမှာနေရလျှင်တော်ပြီဟု Kookie ရောင့်ရဲနိုင်သော်လည်း ကိုကိုက အခုကူးကူးအပိုင်ဖြစ်လာပြီမို့ တစ်မိုးအောက်က အိမ်လေးထဲမှာသာ အတူရှိနေချင်မိတော့သည်။

Rewrite The Stars💫Donde viven las historias. Descúbrelo ahora