RTS.9💫

604 80 16
                                    

Unicode.

ဂျပန်နိုင်ငံရှိ နာမည်ကြီး Supermarket တစ်ခု၏ ဖျော်ရည်လိုင်းတန်းတွင် တစ်နေကုန်တစ်နေခမ်း လာရောက်ထိုင်နေသည်မှာ သုံးရက်လောက်ရှိနေပြီဖြစ်သည့်အတွက် Jung Kook ကို ဝန်ထမ်းအများစုက ကွက်ကြည့်ကွက်ကြည့်။

ပထမရက် လာရောက်တုန်းကတော့ သူတို့အလုပ်လုပ်မလုပ်ကို သူဌေး၏သားက အနီးကပ်လာ စစ်ဆေးသည်ဟု ထင်မှတ်၍ စိုးရိမ်ပူပန်နေကြရသော်လည်း ယခုလို ရက်ဆက်လာသည့်အခါ မိမိတို့တွေးထင်ထားသလို မဟုတ်မှန်းသိလာကြသည်။

ခုံလေးပေါ်ထိုင်ကာ လက်က Banana Milk ကဒ်လိုက်ကိုပွေ့ထားပြီး တစ်နေကုန်ထိုင်သောက်နေသည်မှာ မသိမသာကြည့်နေကြရသည့် ဝန်ထမ်းများက သူဌေးလေးကိုချောင်းဆိုးမှာပင် စိတ်ပူကြရသည်။

တစ်ခါတစ်ရံ market ထဲကို လမ်းလျှောက်လိုက် လည်ပင်းလေး ဟိုလိမ်ဒီလိမ်နှင့် ခေါင်းအနားမပေးဖဲ ဟိုရှာဒီရှာ လုပ်နေပုံလေးက ချစ်စဖွယ်အတိ။

တစ်စုံတစ်ယောက်ကို မျှော်နေသည့်ဟန််ပုံ‌လေးနှင့် မိမိတို့၏ Market ပိုင်ရှင်သူဌေးသားလေးသည် ဝန်ထမ်းတွေအတွက် ချစ်စရာပုံစံလေးပင်ဖြစ်နေပြီမို့ ယခုလို လာရောက်နေခြင်း‌အပေါ် ဆူပူမှာကို မစိုးရိမ်ကြတော့ဖဲ ကိုယ့်အလုပ်ကို အနေချောင်စွာ တိတိကျကျ လုပ်ကိုင်ကြသည်။

ဒီနေ့လည်းမတွေ့ဘူး။
မဖြစ်နိုင်တာ တကယ်ဆို Daddy ၏ပိုင်ဆိုင်မှုများထဲတွင် ဒီ Market သည် ဘာမျှမဟုတ်လောက်သော ပိုင်ဆိုင်မှုတစ်ခုဖြစ်သော်လည်း ဂျပန်နိုင်ငံတွင်မူ အကောင်းဆုံးသော Supermarket တစ်ခု။

လိုအပ်သည့်ပစ္စည်းများကို တစ်နေရာထဲမှာ ဈေးနှုန်းမှန်ကန်စွာဖြင့် ရရှိနိုင်သော ဒီ Supermarket ကို တိုကျိုတွင်ရှိသောလူများတစ်ခါဝယ်ယူဖူးသူတိုင်း နောက်အခါတွင် လာရောက်ဝယ်ယူကြစမြဲမို့ ကိုကိုသာ တိုကျိုမှာနေလျှင် ကိုကိုနောက်တ‌စ်ခေါက်လာဝယ်မည်က အသေအချာ။

ထို့ကြောင့် သူ့ကိုလမ်းကြုံလေး ဟောက်စားလုပ်သွားသည့် ကိုကို့ကို ဒီ Market ကို ထပ်၍များ ဈေးလာဝယ်မလားဆိုပြီး Kookie နေ့တိုင်း ထိုင်စောင့်နေမိခြင်းပင်။

Rewrite The Stars💫Tahanan ng mga kuwento. Tumuklas ngayon