RTS.6💫

694 86 13
                                    

Unicode.

" Min Yoongi နဲ့ ဆုံဖို့မေးထားတဲ့ ကိစ္စ ဘယ်လိုနေလဲ Jack "

" တဖက်က ဘာမှအကြောင်းမပြန်သေးဘူး Boss ကျွန်တော်တို့ဘက်ကတော့ ကြိုးစားနေပါတယ် "

" ကောင်းဘီ "

အတွင်းရေးမှူးအခန်းပြင်ထွက်သွားမှ Jin သက်ပြင်းချလိုက်မိသည်။

တကယ်ဆို တေ့တေ့ဆိုင်ဆိုင် စကားပြောပြီး သူ့ဆီက ရှယ်ယာတွေကို လက်ရှိပေါက်ဈေးအတိုင်းပြန်‌ရောင်းပေးဖို့ တောင်းဆိုမည့် Jin အကြံတွေကို သိနေပုံရသည်။

အာ့တာကြောင့်လဲ Min Yoongi ဆိုတဲ့လူ တမင်သက်သက်ကို သူ့ကို တွေ့ဖို့ ငြင်းနေတာနေမှာ။

မတတ်နိုင်ဘူး။
ကိုယ်က လိုချင်နေတဲ့သူဖဲမို့ တဖက်လူ စိတ်ပါပြီး သူနဲ့အတူ စကားပြောလာမည့်နေ့ကိုစောင့်ရမည်သာ။

စိတ်တွေရှုပ်ထွေးကာ ဖုန်းလေးကို ကြည့်မိတော့ မင်လေးသည်ပင် အိမ်ပြန်ရောက်နေပြီ။ Location တွေက Condo နှင့် မဝေးသည့်နေရာတွေဖဲမို့ မင်လေး၏ လိမ္မာမှုလေးကို ကြိတ်ချီးကျူးမိသေးသည်။

Jin အတွက်က ဒီမှာအလုပ်ကိစ္စဆိုသည်ကလည်း Min Yoongi ဆီမှာရှိနေတဲ့ ရှယ်ယာတွေကို ပြန်ဝယ်ယူနိုင်မည့် အခြေအနေကို စောင့်ဆိုင်းနေရရုံကလွဲ၍ မရှိတော့ပြီမို့ အိမ်ပြန်ရန်သာ ကျန်တော့သည်။

မင်လေးအတွက် အလုပ်ကအပြန် ဝယ်နေကျမုန့်တစ်ခုခုကို ဝယ်ပေးရဦးမည်မို့ Jin ၏ ကားလေး၏ ဦးတည်ရာသည် နီးစပ်ရာ Supermarket သို့။

မင်လေး ကြိုက်တတ်သည့် Coke ဘူး တစ်ကဒ်ဝယ်ရန် ဖျော်ရည်များ စီတန်းထားသော လိုင်းနံပါတ်ဆီသွားကာ ရှာနေစဉ်...

" မလုပ်ရဘူး မလုပ်ရဘူးနော် Bam "

ကောင်လေးတစ်ယောက် တစ်ဖက်က Banana Milk ကဒ်လိုက်ကို တစ်ဖက်က မနိုင်မနင်းကိုင်ကာ တဖက်က ဖောက်ထားသည့် Banana Milk ဗူးလေးကို သောက်နေလျက် မျက်စိရှေ့မှာရှိနေသည့် Doberman ခွေးအကောင်ပေါက်လေးကို လှမ်းတားနေသည်။

ထိုကောင်လေးသည် မင်လေးနှင့်ရွယ်တူ သို့မဟုတ် မင်လေးထက်ပင် အသက်ငယ်နိုင်သည်။ Jin မျက်စိရှေ့မှ ကို့ရို့ကားယားလေးကိုကြည့်ရင်း ရီ‌မောလိုက်မိသည်။

Rewrite The Stars💫Donde viven las historias. Descúbrelo ahora