RTS.24💫

703 81 26
                                    

Unicode.

" ကိုကိုရေ ကိုကို "

မင်လေး...
မင်လေး...
Jin ​၏ ညီငယ်လေး ဘယ်မှာလဲ။

" မင်လေးက ဒီမှာလေ ကိုကိုရဲ့ ခစ်..ခစ်... "

Jin တစ်ယောက် မင်လေး​၏အသံစူးစူးလေးဖြင့် ခေါ်သည့်အသံကြောင့် ခေါင်းကို ဘယ်ပြန်ညာပြန်ရှာသော်လည်းမတွေ့။ ကိုယ်ခန္ဓာကို တစ်ပတ်လည်ကာ ရှာကြည့်သော်လည်း မတွေ့နိုင်ဖဲ ခေါ်သံစူးစူးလေးသည် ရှေ့ကပေါ်လာလိုက် နောက်ကပေါ်လာလိုက်ဖြင့်။

" ကိုကို မင်လေးနဲ့အတူ လာနေတော့မယ်မလား "

​မင်လေး။
အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည့် မင်လေးပုံစံလေးသည် ပျော်မြူးနေဟန်အတိုင်းသား။ Jin ကိုလက်ယက်ခေါ်နေကာ တစ်ခစ်ခစ်ရယ်မောနေသည်မို့...

" မင်လေး ကိုကို့ဆီလာတာလား ကိုကိုကို့ခွင့်လွှတ်လိုက်တာလားဟင် "

Jin စကားကို မင်လေးတစ်ယောက် ခေါင်းလေးမော့ကာ ပြုံးရယ်နေလျက်...

" မဟုတ်ဘူးလေ မင်လေးဆီကို ကိုကိုကလာရမှာလေ ခစ် ခစ် ခစ် "

မြူခိုးတွေလို ဝေ့ဝါးနေသည့် မြင်ကွင်းတစ်ချို့က တစ်ဖြည်းဖြည်းရှင်းလင်းလာသည့်အခါ Jin ​၏မြင်ကွင်းတွင် ထင်ရှားလာသော ညီငယ်ဖြူလွလွလေး တည်ရှိရာသည် ချောက်ကမ်းပါးအစွန်တွင် ရပ်နေခြင်းပင်။

" မင်လေး ပြုတ်ကျမယ်လေ ကိုကို့ဆီလာခဲ့ "

မင်လေးသည် Jin စကားကို မသိကျိုးကျွံပြုနေလျက်ရှိပြီးခြေလှမ်းတို့သည် နောက်သို့တစ်လှမ်းချင်း တစ်လှမ်းချင်း လှမ်းနေကာ...

" ကိုကိုရောလာခဲ့လေ မင်လေးဆီလာခဲ့ ... "

" ရပ် ရပ် မင်လေးနောက်ထပ်ထပ်ပြီး နောက်မဆုတ်နဲ့တော့နော် လိမ္မာတယ်နော် "

Jin ​၏အထိတ်တစ်လန့်ပြောစကားကို မင်လေးကတော့ ခေါင်းကိုမော့ကာ ရယ်မောနေသည်။ Jin ​၏ညီငယ်လေးသည် ဘာတွေကိုများ သဘောကျနေရပါသနည်း။ ထို့နောက်

" လာပါ ကိုကိုရဲ့ မင်လေးနဲ့တူတူခုန်ချကြမယ် "

Jin ကို လက်သေးသေးလေးများဖြင့် တစ်ဖျတ်ဖျတ်လက်ယပ်ခေါ်ကာ နောက်သို့တစ်လှမ်းထပ်၍ဆုတ်လိုက်လျှင်  ချောက်ကမ်းပါးသို့ ပြုတ်ကျသွားတော့မည့်အနေအထားကိုပင် ကြောက်ရွံ့ဟန်မရှိ။ထို့နောက်

Rewrite The Stars💫Tempat cerita menjadi hidup. Temukan sekarang