RTS.20💫

725 77 37
                                    

Unicode.

" လမ်းမပေါ်က CCTV ကိုတစ်ချက်ကြည့်လို့ရမလား "

Min Yoongi ဝင်လာတာကို မြင်သည်နှင့် ရဲစခန်းမှူးအပါအဝင်လူအားလုံး နှာခေါင်းရှုံ့ကြသည်။ ဘာကြောင့်ဟုဆိုရသော် အပြစ်ဒဏ်စီရင်ပြီးသားအမှုတစ်ခုကို သုံးရက်ဆက်တိုက်လောက် ရဲစခန်းကိုလာရောက်ကာ တစ်ခုပြီးတစ်ခုမေးမြန်းနေခြင်းကြောင့်ပင်။

သို့သော် Min Yoongi သည် သူတို့အားလာရောက်နှောင့်ယှက်နေသည်ဟု ပြောချင်နေသည့် မျက်လုံးမှ ဘာသာစကားများကို လျစ်လျူရှုထားကာ လုံးဝဂရုမစိုက်။ မိမိ သိချင်တာများကိုသာ တွန်း၍မေးသည်။

သူတို့ဘယ်လောက်ဖဲ Yoongi လာရောက်နေခြင်းကို မကြည်ပုံပြပြ မော်ချီထားသည့်မျက်နှာဖြင့် မှေးကျဉ်းသောမျက်ဝန်းတစ်စုံသည် ဘယ်သူ့ကိုမှ အာရုံမထားဖဲ ဂရုမစိုက်ခြင်းအနုပညာကို ကျင့်သုံးနေသည်ကို သိသောအခါ စခန်းမှူးမှလွဲ၍ ကျန်သူများ အလျှိုအလျှို ကိုယ့်အလုပ် ကိုယ်ပြန်လုပ်ကြသည်။

ဒါပေမဲ့သေချာတာတစ်ခုကတော့ Min Yoongi မေးသမျှမေးခွန်းတိုင်းနှင့် ပြောသမျှစကားတိုင်းကို အခန်းတွင်းရှိသမျှလူအားလုံး သေသေချာချာကို နားစွင့်နေကြပါလိမ့်မည်။

Yoongi ၏ အမေးစကားကို ကြောင်ကြည့်နေသည့် စခန်းမှူးကြောင့် သူနှင့်ရှေ့တည့်တည့်တွင်ရှိသော ခုံကို Yoongi ဆွဲယူကာ ဝင်ထိုင်လိုက်သည်။ ထို့နောက်

" ကားတိုက်မှုဖြစ်တုန်းက အာ့လမ်းမပေါ်က CCTV တွေကိုကြည့်လို့ရမလား "

စခန်းမှူး၏မှန်စားပွဲကို Yoongi လက်ညိုးထိပ်နှင့်တစ်ချက်ချင်းခေါက်ကာ လေသံမာမာဖြင့် မေးခွန်းကိုတစ်လုံးချင်းဖဲပြန်၍မေးလိုက်သည့်အခါ မဲခနဲဖြစ်သွားသည့် မျက်နှာကြီးကို မြင်လိုက်သော်လည်း ဘာအရေးလဲ။ Kim Jimin မှလွဲ၍ ကျန်လူများကို လေသံချို အောက်ကျို့ဖို့ Min Yoongi ယောင်၍ပင် စိတ်မကူးထား။

" အာ့လမ်းမကြီးပေါ် CCTV တွေက ပျက်နေတာကောင်လေး အကိုတို့ဘက်ကလည်း ပေါ့လျော့သွားတယ် ဒါပေမဲ့ပြောရရင် လမ်းတိုင်းက CCTV တွေကောင်းမကောင်းကျလည်း အာ့ရက်ပိုင်းတုန်းက သေချာမကြည့်နိုင်ဘူးဖြစ်နေတယ် ဒါကတော့ အကိုတို့အမှားပါ "

Rewrite The Stars💫Donde viven las historias. Descúbrelo ahora