RTS.18💫

669 82 78
                                    

Unicode.

" ကိုကိုရေ ကိုကို! "

အိမ်ရှေ့မှခေါ်သံစူးစူးနှင့်အတူ Jin ရှေ့သို့ ခြေစုံရပ်လိုက်သည့်အရိပ်ငယ်လေးကြောင့် Jin မော့ကြည့်လိုက်သည့်အခါ Jin ၏ဂျစ်တူးလေးသည် Luggage အနက်ရောင်လေးတစ်လုံးဖြင့်။

" ကိုကို! "

" ဟင် "

" ကိုကို ဘာတွေငေးကြည့်နေတာလဲ "

" Kooငယ်ကိုလေ လက်ထဲက Luggage က ဘာကြီးလဲ "

" ကိုကိုနော်! ကိုကို အတိတ်မေ့တာလိုလို ရွှေပျောက်တာလိုလိုမလုပ်နဲ့နော် "

" ဟောဗျာ "

" ဟုတ်တယ်လေ ကိုကိုဖဲ ခုနက Kookie ကိုလာနမ်းပြီးတော့။ Kookie ရဲ့ First Kiss ကို ကိုကိုယူသွားတာမို့ ခု Kookie ကို ကိုကို တာဝန်ယူတော့ "

Kooky ရုပ်လေးကို လက်တစ်ဖက်ကပိုက်ပြီး
လက်တစ်ဖက်က Luggage ကိုဆွဲထားသည့် Jin ပေါက်စသည်နှုတ်ခမ်းပါးတစ်ထော်ထော်နှင့် ဆူပုပ်ပုပ်ပြောသည့်အခါ Jin ရီမိတော့သည်။

ကြားဖူးကြရဲ့လားဗျာ။
ဘယ်လိုဟာလေးလဲ။
နမ်းတာလေးကို တာဝန်ယူခိုင်းနေတယ်။
တကယ့်အလည်လေး။

သူ့စကားကို နားထောင်ပြီးသည့်အဆုံး Jin ရီချလိုက်သည့်အခါ နှုတ်ခမ်းပါးက ပို၍ဆူလာကာ လက်တစ်ဖက်က သူကိုင်ထားသည့် Luggage ကိုလွှတ်လိုက်ပြီး Kooky အရုပ်လေးကိုလည်း အဆိုးလေးက ကြမ်းပြင်သို့ ပေါက်ချလိုက်သည်။ ထို့နောက် ခြေတစ်ဖက်ကို ဆောင့်ချလိုက်ကာ

" ကိုကိုက လူဆိုး ကိုကိုက Kookie ကို စားပြီးနားမလည်လုပ်ချင်နေတာ "

" ဟောဗျာ ကိုကို ဘာမှမစားရသေးပါဘူး "

Jin ထိုစကားကို မျက်ခုံးတစ်ဖက်ပင့်၍ ရယ်ကျဲကျဲပြောလိုက်သည့်အခါ မျက်နှာသေးသေးလေးသည် ရဲတတ်သွားကာ Jin ဆီလာ၍ လက်သီးဆုပ်သေးသေးဖြင့် Jin ကျောပြင်ကို တဘုံးဘုံးလာထုသည်။

" ကိုကို လူညစ်ပတ် ကိုကိုညစ်ပတ်ကြီး "

မနာအောင်ထုသော လက်သီးဆုပ်များကို ဖမ်းဆွဲလိုက်ကာ မျက်နှာရဲရဲလေးကို Jin ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ Jin ရင်ခွင်ထဲမှာဆိုလျှင် ငြိမ်ငြိမ်မနေတတ်သည့် ကောင်လေးကတော့ အစဉ်အလာမပျက် အမြဲတွန်းထိုးရုန်းကန်ဆဲ။

Rewrite The Stars💫Où les histoires vivent. Découvrez maintenant