RTS.27💫 ( Final )

1.9K 128 61
                                    

Unicode.

" ဟား.....ဟား.... ခစ် ... ခစ် ... ဟင်း .... ဟင်း ...."

သေနတ်ဒဏ်ရာကြောင့် လဲကျနေသော်လည်း ကူးငယ်လေးဆီရောက်အောင်သွား၍ ပွေ့ဖက်ထားလိုက်ကာ အရေးပေါ်ကားသံတွေအကြား Jin ချုပ်ထိန်းထားသည့်စိတ်အရာအားလုံးကိုလွှတ်ချလိုက်ကာ ကူးငယ်ကိုပွေ့လျက်သားလဲကျသွားသည်။

စိတ်အစုံသည် လွင့်မျောလျက်ရှိနေစဉ်မှာဖဲ ပေါ်လာသည့်မျက်နှာလှလှလေးတစ်ခု။ ခိုးခိုးခစ်ခစ်ရယ်မောနေကာ Jin တို့နှင့်တစ်ဖြည်းဖြည်းဝေးရာသို့ ဝေ့ဝါးလာသော်လည်း ရယ်မောသံတို့သည် အတိုင်းအဆမဲ့စွာ လှောင်ပြောင်နေဟန်။

Jin ကူးငယ်ကိုပွေ့ဖက်လျက်နှင့်ပင် နှုတ်ခမ်းဖျားမှ သွေးတစ်ပွက်အန်ကျ​၏။ အသိစိတ်တို့အလုံးစုံလွှတ်ကင်းမသွားခင် ပုံရိပ်ဖြူလေးကို Jin ပြုံးပြလိုက်မိသည်။

ဝဋ်ကြွေးတွေရှိရင် ကျေရပါလို​၏။

ချစ်ခြင်းတွေလွန်ခဲ့မိ၍ မှားယွင်းခဲ့သည့်
ရန်ငြိုးတွေသည်လည်း ပြေရပါလို​၏။

ဘဝဆက်တိုင်းလည်း ချစ်ရသူနဲ့အတူ
အေးချမ်းသောဘဝလေးဖြင့် ပေါင်းဖက်ရချင်ပါ​၏။

သည်ကျိန်စာတွေ ဒီဘဝနဲ့ဖဲကျေပါစေ။

ကူးငယ်လေးကိုတော့ အသက်ရှင်ခွင့်ပေးပါ...

Jin ဆုတောင်းစကားတို့သည် အဆုံးသတ်ရောက်ခဲ့လား အဆုံးမသတ်ခဲ့နိုင်ဘူးလားဆိုသည်ကို Jin မသိလိုက်တော့။ ကူးငယ်ကိုပွေ့ဖက်လျက်သားနှင့်ပင် သဘောတကျရီမောနေသည့် ညီငယ်လေးကိုကြည့်ကာ ပြုံးပြလိုက်ရင်း Jin ​၏အရာအားလုံးသည် မှောင်အတိကျသွားရသည်။

​ကိုကို့ရဲ့ မင်လေးလည်း ကျေနပ်နိုင်ပါစေ....။

▪️

ကိုရီးယားနိုင်ငံ ဘူဆန်မြို့။

စတော်ဘယ်ရီခင်းကြီးကို တစ်မေ့တစ်မောငေးကြည့်နေရင်း ပြုံးလိုက်မိသည်။ ဘာလိုလိုနဲ့ စတော်ဘယ်ရီတွေခူးချိန်ကို ပြန်ရောက်လာခဲ့ပြီ။ နေရောင်အောက်မှာထိုင်နေရင်း ကိုယ့်အသားအရည်ကိုပြန်ကြည့်မိသည့်အခါ နှာခေါင်းရှုံ့လိုက်မိသည်။ ဘယ်လိုတောင်မည်းလာရတာလဲ။

Rewrite The Stars💫Donde viven las historias. Descúbrelo ahora