RTS.21💫

699 82 34
                                    

Unicode.

တီ တီ တီ

စောစောစီးစီးမြည်လာသော ကိုကို့ဖုန်းသံကြောင့် Kookie နိုးလာရသော်လည်း အိပ်ယာကနေတော့လုံးဝမထဖြစ်။ ဒီသုံးလေးရက်အတွင်း ဂျပန်ကိုအတူတူပြန်ဖို့ စီစဉ်နေကြတာမို့ အထုတ်အပိုးတွေကိုသိမ်းဆည်းကြရကာ ကိုကိုရော Kookie ပါ ပင်ပန်းနေရသည်။

ပထမတစ်ခါ မလာစဖူး အလာထူးပြီး ကိုကို့ဆီဖုန်းဝင်လာခဲ့ပြီး ကိုကို့မျက်ဝန်းမှာ မျက်ရည်စတွေကိုမြင်လိုက်ရသည့်နောက်ပိုင်း ကိုကို့ဆီ ဖုန်းဝင်လာမည်ကို Kookie ကြောက်နေခဲ့တာ။

တကယ်ဆို ဒီစတော်ဘယ်ရီစိုက်ခင်းလေးထဲမှာဖဲ
ကိုကိုနဲ့နေ့တွေရှိသ၍ အတူတူသာဖြတ်သန်းချင်မိသည်။
ကိုကို့အတွက် နာကျင်ခဲ့ရသည့် အတိတ်တွေအတွက်
ဂျပန်မြေပေါ်တွင် ကိုကို့ကိုပြန်ပြီး ခြေကိုမချခိုင်းချင်။

ထိုနိုင်ငံသည် Kookie၏ Daddy အခြေချနေထိုင်နေသည်ကို သိလျက်သားနှင့်တောင်မှပင် Kookie ကိုယ်တိုင်လည်း ပြန်မသွားချင်မိ။ Kookie အတွက် ဂျပန်မြေပေါ်မှာစတင်ခဲ့သည့် ချစ်ခြင်းသည် ဒီဘူဆန်မြေပေါ်တွင် ပျော်ရွှင်မှုအတိဖြစ်နေခဲ့ပြီ။

သို့သော်လည်း ကိုကိုသွားချင်နေတာကို
Kookie သိနေတာမို့ မတားမိ။

ဘယ်နေရာ ဘယ်ဒေသ ဘယ်နိုင်ငံမှာ
နေရသည်ဆိုတာထက် ကိုကို့ဘေးနားမှာနေရရင်ကို
ကျေနပ်နေပြီမို့ ကိုကိုသွားမယ်ဆိုလာတော့လည်း
စတော်ဘယ်ရီခင်းပိုင်ရှင်ကြီး နောက်ကို
စတော်ဘယ်ရီကြိုက်တဲ့ ယုန်ငယ်လေးဟာ
လိုက်သွားရုံသာ။

သို့သော် ကလေးဟာ ကလေးစိတ်လေးဖဲမို့
ဂျပန်မသွားခင်ရက်အပိုင်းအခြားလေးထဲ
ကိုကို့ဆီနောက်တစ်ခါ ဖုန်းဝင်လာကာ
ကိုကို့ဆီမှ မသွားဖြစ်တော့ဘူးဟု
ပြောလာမည့်စကားလေးကိုလည်း
တိတ်တိတ်လေး မျှော်လင့်မိသေးတာ။

ထို့ကြောင့်လည်း ဒီနေ့မနက်ခင်းစောစော
ကိုကို့ဆီဝင်လာသည့် ဖုန်းသံလေးကိုကြားမိသည့်အခါ
အိပ်ယာထဲမှမထဖဲ Kookie မျက်လုံးလေးမှိတ်ထားကာ ကိုကို့အသံကို နားစွင့်နေလိုက်သည်။

Rewrite The Stars💫Donde viven las historias. Descúbrelo ahora